အခန်း(၃၇)

1.6K 78 1
                                    

'ဖီးနစ်ငှက်ရဲ့ရာဇဝင်'

အခန်း(၃၇)

လုလင် ခြင်္သေ့ခေါင်းဒင်္ဂါးကို လက်ထဲမြှောက်ဆော့ရင်း သီဟစက်အကြောင်းကိုတွေးနေမိ၏။

တောင်ညိုမှာ လင်းတငှက်အသတ်ခံရသည့် အမှုမှစ၍ ရဲရင့်အောင်၏အမှုအဆုံး အားလုံးဟာ အစီအစဥ်တကျ ဆက်စပ်မှုရှိနေသည်။ သဲလွန်စကောက်၍ လိုက်သမျှ ကွင်းဆက်တိုင်းမှာ ပါဝင်ပတ်သက်နေသည်ဟုလည်း သူတစ်ထစ်ချခန့်မှန်းထားသည်။ ဒီလူနှင့်စကားပြောရတာမဆိုးလှပါ။ အလွန်တရာဆွဲဆောင်မှုရှိ၍ စကားကြွယ်သည့်လူ။ ရဲမှူးကြီးကတော့ သဘောမနောကောင်းသူဟု မှတ်ချက်ချပေမဲ့ သူကတော့မထင်ချေ။ ထိုလူ့မျက်လုံးတွေမှာ မာယာတွေရှိသည်။ လျှို့ဝှက်မှုအပြည့်နှင့် ကောက်ကျစ်ဉာဏ်များသည့်အရိပ်တွေကို မသိမသာတွေ့ရသည်။

သူလိုက်နေသည့်အမှုမှာ ဒီလူဟာ ပါဝင်ပတ်သက်သူသတ်သတ်ပဲလား၊ ကြိုးကိုင်သူလားဆိုတာသေချာသိဖို့ သူ့အကြောင်းကို စေ့စေ့စုံစုံလေ့လာရဦးမည်။ သူ သီဟစက်ကို နောက်တစ်ကြိမ် ထပ်တွေ့ဖို့လိုနေပြီ။
သူရှိုးကစ်ကိုမှီ၍ အတွေးတွေကျက်စားနေစဥ် ကိကိထွက်လာ၏။ သူ ခြင်္သေ့ခေါင်းဒင်္ဂါးကို ဘောင်းဘီအိတ်ထဲထည့်လိုက်ပြီးမှ...

"ကိကိ..နေမကောင်းသေးဘဲနဲ့ဘာလို့ထွက်လာတာလဲ"

"ပျင်းလို့.."

ကိကိကို ကူတွဲပေး၍ ဆက်တီပေါ်ထိုင်စေပြီး သူပါဝင်ထိုင်၏။

"ကိကိရယ်..နင်ကလည်းအရာရာနဲ့အကြောင်းကြောင်းချည်းပဲ..ဖြစ်လိုက်ရင် အသည်းအသန်ခဲမှန်..ငါနင့်ကို မကွေးပြန်ပို့သင့်ပြီထင်တယ်.."

"ဘာပြောတယ်..ငါမပြန်သေးဘူးနော်..နင်ပြန်ပို့ရင် ငါထွက်သွားလိုက်မှာ၊ ဘာလဲ..နင်ကငါ့ကိုဒီမှာတင်ကျွေးမထားနိုင်တော့လို့လား..."

"မဟုတ်ရပါဘူးဟာ..နင်ဒီလိုတွေဖြစ်နေတာငါဘယ်စိတ်ကောင်းမလဲ..ငါက အချိန်ပြည့်ဂရုစိုက်နိုင်တာမဟုတ်ဘူး.."

"ပူမနေစမ်းပါနဲ့၊ ငါမသေပါဘူး.."

ကိကိက မကွေးပြန်ပို့မည့်စကားကိုအပြောမခံ။ လုလင် ကျွတ်သပ်လိုက်ရင်း..

The Legend Of The Phoenix:The LimitDonde viven las historias. Descúbrelo ahora