'တို့အရမ်းလွမ်းနေခဲ့တာ'

'ကြိုးလဲမာမီ့ကိုတစ်စက္ကန့်တောင်မမေ့ခဲ့ပါဘူး'

'အပိုတွေ'

'မပိုပါဘူးမာမီရဲ့ လိုတောင်လိုနေသေးတာ'

'တို့မင်းအလုပ်လုပ်တဲ့ဆိုင်ကိုလာချောင်းဘူးသားပဲ အဲ့ကလူတွေနဲ့ပြံးပျော်နေလိုက်တာများ ဟွန့်'

လက်ကြီးပိုက် နှုတ်ခမ်းထော်ကာ ကလေးတစ်ယောက်သဖွယ်ခြေဆောင့်ကာပြောနေတဲ့မာမီဟာတကယ်ချစ်စရာပဲ
မာမီ့ကိုကုတင်ပေါ်ပြန်ဆွဲချကာ ကလိထိုးလိုက်သည်

'အား ယားတယ် ကြိုး မလုပ်နဲ့'

'စိတ်ကောက်ဦးမှာလား ပြော'

'ကောက်မှာပဲ'

ကြိုး ပိုပြီး မြတ်ကိုကလိထိုးမှ မြတ်နောက်ဆုံးအလျှော့ပေးတော့သည်

'မကောက်တော့ဘူး တကယ်မကောက်တော့ဘူး တော်ပါတော့'

'တကယ်နော် ညာရင်ပိုပြီးကလိထိုးမှာ'

'တကယ်'

မြတ် ကြိုးကိုလက်ကဆွဲကာ သူနဲ့အတူကုတင်ပေါ်မှာဝင်လှဲစေလိုက်သည် နှစ်ယောက်သားတစ်ယောက်နဲ့တစ်ယောက်အကြည့်ချင်းဆုံကာ အကြာကြီးကြည့်နေခဲ့ကြသည်
နှုတ်ကဘာမှမပြောပေမဲ့ မျက်လုံးကပြောသောစကားများကိုအချင်းချင်းနားလည်ကြသည်

'နောက်ဘယ်တော့မှတို့ကိုထပ်ထားသွားပါတော့နဲ့ကလေးရယ် မဟုတ်ရင် တို့တကယ်သေ'

စကားတို့ထပ်မထွက်လာစေရန် မြတ်ရဲ့နှုတ်ခမ်းပေါ်ကိုကြိုးကလက်ညှိုးလေးနဲ့ဖိကာတားသည်

'ဘယ်သောအခါမှ ထားမသွားတော့ဘူး'

'ချစ်လိုက်တာအချစ်ရယ်'

လို့ပြောရင်း ကြိုးကိုရင်ခွင်ထဲဆွဲဖက်လိုက်သည်

'မာမီ ကြိုးကိုဘယ်လိုခေါ်လိုက်တာလဲ'

'အချစ်ရယ်လို့လေ'

'အား...'

'ဘာ ဘာလို့နားကြီးပိတ်ပြီးအော်နေတာတုန်း'

'အသဲယားလို့ ကလိလိနဲ့'

'အချစ်ရေဆိုတာလား'

သီရိမြိုင်Where stories live. Discover now