"ဟင့်အင်း ရှင်! ဟင့်!..."

သူမအသံတို့သည် သူ့ရဲ့အနမ်းတို့အောက်မှာ ပျောက်ကွယ်သွားပြီးနောက်မှာ သူ့ရဲ့စေရာအတိုင်းစီးမျောသွားရ၏။ ဝိုင်သောက်ထားတဲ့အကျိုးက အခုကျမှပြလာသလို မူးဝေလာပြီး ရုန်းကန်အားမရှိတော့။

နောက်ဆုံးတော့လည်း အနှစ်သာရဘယ်လောက်ပဲရုန်းကန်ပြီး ငြင်းဆိုနေပါစေ စက်ဝန်းအလွန်ကို မနိုင်တာက အမှန်တရားဖြစ်သည်။

မိန်းကလေးတစ်ယောက်ကို အားသုံးပြီးအနိုင်ကျင့်တာ။

တစ်ချို့သောသူ‌တွေရဲ့အိမ်ထောင်ရေးက ဘယ်လိုမျိုးလဲ အနှစ်မသိဘူး။ ဒါပေမဲ့ သူနဲ့အနှစ်ရဲ့အိမ်ထောင်ရေးကတော့...

မချစ်ဘဲ လက်ထပ်ခဲ့ကြတယ်။
မချစ်သေးဘဲ ထိတွေ့ခဲ့ကြတယ်။
မချစ်ပေမဲ့ နမ်းခဲ့ကြတယ်။
မချစ်ဘဲလည်း တစ်ယောက်မျက်နှာတစ်ယောက်ခိုးကြည့်ဖူးတယ်။
မချစ်ဘူးပြောပြီး တစ်ယောက်နဲ့တစ်ယောက်ကူညီခဲ့ကြတယ်။ ဝင်စွက်ဖက်ခဲ့ကြတယ်။

တစ်ကယ်ပါ အနှစ် သူ့ကို မချစ်ပါဘူး။
အနှစ်ရဲ့စိတ်က သူ့ဆီရောက်နေယုံလေးပါ။ သံယောဇဉ်တွယ်မိနေယုံလေးပါ။

✿⁠............✿⁠...........✿⁠

နောက်တစ်ရက် အနှစ်ပြန်ဖျားသည်။ ရေကူးတာကြာသွားတာကြောင့် နှစ်ရက်ဆက်တိုက်အဖျားတက်ကာလုံးဝပြန်မကျတော့။ ထိုအချိန်မှာ စက်ဝန်းသိလိုက်ရတာက သူမကို ရေနဲ့ပတ်သတ်ရင် လုံးဝအလိုလိုက်လို့မရ။ မဟုတ်ရင် သူပဲပင်ပန်းတာ။

တစ်ပတ်တိတိကျောင်းပျက်ပြီးမှ နှစ်ယောက်သားကျောင်းတက်နိုင်တော့သည်။ စာမေးပွဲဖြေရတော့မည့်ရက်က ရောက်လာတော့မည်မို့ နှစ်ယောက်သား ရန်မဖြစ်နိုင်အားတော့ဘဲ စာကိုသာကြိုးစားလုပ်ရသည်။ မသိတဲ့စာတွေကို ထင်ရှားနဲ့မွန်လေးဆီမေးရင်း စာမေးပွဲအတွက်ပြင်ဆင်ရသည်။

ထိုသို့ပြင်ဆင်နေရင်းမှ အနှစ်သာရထဖောက်သည်။ ‌ကျောင်းသင်္ကြန်သွားချင်သည်တဲ့လေ။ သူတို့ယောက်ျားလေးတွေကကိစ္စမရှိပေမဲ့ မိန်းကလေးတွေအတွက် မသင့်တော်။ လူရှုပ်ပြီး ထိုနေ့မှာ သောက်စားထားကြမှာမို့ ဆွဲလားရမ်းလားတွေရှိလာမှာ။

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now