Part(16)

1.6K 51 1
                                    

🌺နှလုံးသား နီးနီး...စည်းပါးပါး🌺

Part(16)

"ကျေးဇူးပဲ ရဝေသော်...မင်းကြောင့်သာမဟုတ်ရင် အနှစ်ဒီထက်အခြေအနေဆိုးမှာ"

"မဟုတ်တာ ရဝေကအကြောင်းကြားပေးရုံပဲဟာ"

ရဝေသော်က ဆေးပေးခန်းက ကုတင်ပေါ်မှာ အိပ်ပျော်နေသည့် အနှစ်ကို တစ်ချက်ဝေ့ကြည့်ရင်းဆိုသည်။

‌သူမသည် အနှစ်နောက်ကို မထင်မှတ်ပဲလိုက်လာမိတာဖြစ်သည်။ ကိုယ့်ချစ်သူကို ကြိုက်နေတဲ့ရွှေရည်သွန်းနဲ့ဘာစကားများပြောကြလဲဆိုတာသိချင်၍ဖြစ်သည်။

ရွှေရည်သွန်းနဲ့အနှစ်ဘာပြောကြလဲ မကြားလိုက်ရပေမဲ့ နှစ်ယောက်သားရယ်မောနေတာတွေ့တော့ အနားမှာဆက်မနေတော့ဘဲ ထွက်လာတာဖြစ်သည်။ သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာအထိတော့ လိုက်စပ်စုလို့မကောင်း။ ပြီးတော့ သူမတာဝန်က အနှစ်ကိုစောင့်ကြည့်ယုံလေး။

ထိုစဉ် သူမသတိထားမိလိုက်သည်က သူမလိုပဲ အနှစ်တို့ကို ကြည့်နေသည့်လူတစ်ယောက်။ ထိုလူသည် အနှစ်နားမှာ အကြိမ်ကြိမ်တွေ့ခဲ့ဖူးသည့်သူနဲ့တူသည်။ စာသင်ခန်း၊စာကြည့်တိုက်၊လော်ဘီ အနှစ်ရဲ့နောက်မှာ သူ့ကိုအမြဲတမ်းတွေ့ရသည်။ ထို့ကြောင့် သူမ မသွားသေးဘဲ ထိုလူကိုစောင့်ကြည့်ဖြစ်သည်။
သူမထင်ထားတာမှန်သွားသည်။ ထိုသူသည် အနှစ်ကို အန္တရာယ်ပေး၏။

အစက အနှစ်က ကိုယံချစ်ရသူမို့ မုန်းခဲ့သည်။ ဒါပေမဲ့ အနှစ်ကို အန္တရာယ်ဖြစ်ပါစေဆိုပြီး ပြစ်ထားတာမျိုးသူမလုပ်မှာမဟုတ်။ ဘယ်လောက်ပဲမုန်းမုန်း မိန်းမသားချင်းမို့ အနှစ်ကိုကိုယ်ချင်းစားပေးနိုင်သည်။ သူမတစ်ယောက်တည်းဝင်သွားဖို့ရာမဖြစ်နိုင်လို့ စက်ဝန်းအလွန်းတို့ကို အပြေးသွားခေါ်ခြင်းဖြစ်သည်။

"‌အနှစ်ကို ဂရုစိုက်ပေးလို့ ကျေးဇူးပဲ"

စက်ဝန်းတစ်ကယ်ကျေးဇူးတင်မိသည်။ ရဝေသော်သာ လာမပြောခဲ့ရင် အနှစ်ကို ထိုသူသတ်တဲ့အထိတောင်ဖြစ်နိုင်သည်။ ထိုသူသည် စိတ္တဇသမားမို့။

"ရဝေ့ကို သွားခွင့်ပြုပါဦး..."

ရဝေသော်နှုတ်ဆက်ကာ ထွက်သွားတော့သည်။
အချစ်ကြောင့် သူမရင်တွေကြေမွပျက်စီးပေမဲ့ ကောင်းမွန်တဲ့နှလုံးသားတစ်စုံကျန်နေခဲ့တာကိုတော့ ကျေးဇူးတင်ရမည်။

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now