'မထပ်ပါဘူး စေ့စပ်တဲ့ကိစ္စကိုတောင်ဖျက်သိမ်းပေးဖို့သူပြောထားတာ မြတ်ချစ်ရသူကသက်သက်ရှိတယ် သူ့ကိုပဲလက်ထပ်မှာ'

'အဲ့တာဘယ်သူလဲ'

'သိချင်တယ်လား'

'အွန်း မြတ်အချစ်ကိုရတဲ့သူဆိုတာတော်ရုံတော့မဖြစ်နိုင်ဘူးလေ'

'ခရီးကပြန်လာရင်ပြောပြမှာမို့ အဲ့အချိန်ထိလိမ်လိမ်မာမာလေးစောင့်နေ ဘယ်သူဘာလာပြောပြောလက်မခံနဲ့ နော် ဂတိပေးမယ်မလား မြတ်ကိုစောင့်နေပါ့မယ်လို့'

'အွန်းပေးတယ် မြန်မြန်ပြန်လာနော် နွယ်ကမြတ်မရှိရင်မနေတက်ဘူး'

'ဘယ်နေရာကြည့်ကြည့် မြက်တွေအများကြီးကို'

'အဲ့မြက်ဟုတ်ဘူး ဒီမြတ်သီရိဆွေမရှိရင်ကျွန်မကမနေနိုင်ဘူး'

'ဘာလို့လဲ'

'သိဘူး'

'သိမှာပါ'

'သိဘူး'

'သိလိုက်ပါ'

'တော်ပြီ အတန်းသွားတက်တော့မယ်'

'ဟော စောင့်ဦးလေ တူတူသွားရမှာကို'

'ကိုယ့်ဘာသာကိုယ်နောက်ကလိုက် နွယ်သွားပြီ'

'စောင့်ပါ နွယ်ကလဲ'

နွယ်နဲ့မြတ်ကိုကြည့်ကာတော်တော်များများကမျက်စိဆံပင်မွှေးဆူးကြတယ် ဆူးဆူးပေါ့ သူတို့ကိုကြည့်ပါလို့ပြောထားတာမမဟုတ်တာ
.................
'နွယ်'

'မေမေဘာဖြစ်လာတာလဲ အာ ကိုဇင်ကိုလတ်'

'သမီးတို့ကသိကြတာလား'

'မြတ်ရဲ့အသိပါ'

'ဒါ ညီမနွယ်အမေလား'

'ဟုတ်'

'ကားတစ်စီးကမေမေ့ကိုဝင်ချိတ်လို့ ပြီးတော့ဆင်းလဲမကြည့်ပဲမောင်းပြေးတာ ဒီကမောင်ရင်ကပဲဆေးခန်းပို့ဘာညာအကုန်လုပ်ပေးပြီး အိမ်ပြန်လိုက်ပို့တာ'

'အားနာစရာကြီး လာမေမေနွယ့်ကိုတွဲ ကုန်ကျစရိတ်တွေဘယ်လောက်လဲမသိဘူး နွယ်ပြန်ပေးပါ့မယ်'

'ရပါတယ်ဗျာ အချင်းချင်းတွေပဲ'

'နွယ် သူစိမ်းတစ်ယောက်ကူညီတာကိုလက်ခံရမှာအားနာလို့ပါ'

သီရိမြိုင်Where stories live. Discover now