💓

ချန်းယောလ် အိပ်ယာနိုးနိုးချင်း လက်မောင်းပေါ်မှာ ပိနေတဲ့ လေးပင်တဲ့အရာကို စပြီး သတိထားမိသည်။ ထို့နောက် သူပြန်သတိရလာသည်က ကလေးလေး သူ့ဆီပြန်ရောက်လာခြင်းပင်။ အိပ်မက်ဖြစ်နေမှာစိုးပြီး သူမျက်လုံးမဖွင့်ရဲပေမဲ့ တိုးညှင်းတဲ့ အသက်ရှုသံနဲ့ သူနဲ့နီးကပ်စွာတည်ရှိနေတဲ့ တစ်စုံတရာက အိပ်မက်မဟုတ်ကြောင်း ဖော်ပြလျက်ရှိသည်။

သူမျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်လိုက်တော့ သူ့နဲ့နီးနီးကပ်ကပ်အိပ်နေတဲ့ ကလေးလေး။ ဆံပင်နုနုလေးတွေကို တိုးနမ်းရင်း ပြုံးလိုက်မိသည်။ အခုမှပဲ ကိုကို့မနက်ခင်းတွေက ပြည့်စုံတော့တယ်။

ရုတ်တရက်ပြန်ရောက်လာတဲ့ ကလေးလေးက အရင်လိုပဲ သူ့အိမ်မှာလိုက်နေဖို့ အတင်းပူဆာပြီး လိုက်လာခဲ့သည်။ ကလေးနဲ့အတူပါလာတဲ့ အစ်ကိုဖြစ်သူကို အားနာစိတ်တော့ဖြစ်မိပေမဲ့ သူလည်း ကလေးလေးကို အနားမှာပဲ ခေါ်ထားချင်သည်။ အချိန်တွေကြာသွားပေမဲ့ ကလေးနဲ့ သူနဲ့ကြားမှာ စိမ်းသွားတာရယ်လို့ နည်းနည်းမှ မရှိခဲ့ဘဲ ရင်းနှီးလို့နေဆဲပင်။ အရင်ထက်ပိုသွက်လာတဲ့ အသွက်ကလေးက ပြတင်းတစ်ခုစာခြားထားသည့် ကုတင်နှစ်လုံးကို ကပ်စေလျက် သူ့ရင်ခွင်ထဲကို အတင်းတိုးလို့ အိပ်သည်။ အနိမ့်အမြင့် အနည်းငယ်ကွာသည့် ကုတင်ကြောင့် အဆင်မပြေမှာစိုးသော်လည်း သူတို့နှစ်ယောက်လုံး တစ်ရေးမှ မနိုးလာဘဲ အေးချမ်းစွာ အိပ်စက်နိုင်ခဲ့သည်။

"ကလေးလေး ထတော့"

လှုပ်စိလှုပ်စိဖြစ်လာတဲ့ ကောင်လေးရဲ့ နဖူးကို ငုံ့နမ်းပြီး နှိုးတော့ ခေါင်းရမ်းပြီး သူ့ရင်ခွင်ထဲ ပိုလို့တိုးဝင်လာသည်။ အချွဲလေးက အရင်လို ချွဲတတ်နေတုန်းပဲ။

"ကိုကိုက ဒီနေ့ အလုပ်သွားဦးမှာလား"

"ဒီနေ့တော့ နားမလားလို့
ကလေးလေးလည်း ပင်ပန်းနေသေးတယ်မလား"

"အင်း နားချင်သေးတယ်"

"နေ့ခင်းမှ ပြန်အိပ်တော့
မနက်စာစားကြမယ်"

ချန်းယောလ် အိပ်ယာက ထပြီး မနက်စာပြင်နေချိန်မှ ကလေးလေးက မျက်နှာသစ် သွားတိုက်ဖို့ ရေချိုးခန်းဝင်သွားသည်။ ကလေး ပြန်ရောက်လာတာကို သိထားတဲ့ ဦးလေးဂျွန်ကလည်း မနက်စာအတွက် အစားအသောက်တွေလာပို့ပေးသည်။

Red String of FATEWhere stories live. Discover now