သင်္ဘောတန်းကို ကိုင်ထားရင်း မြောက်တက်လာသည့် လှိုင်းစရဲ့ အနားသတ်ရေငွေ့လေးများကို ဖမ်းဆုပ်ကစားရင်း လှိုင်းကြမ်းတဲ့ တစ်ချက်မှာ လက်နဲ့ သင်္ဘောတန်းလွတ်သွားတာကို သိလိုက်သည်။ သတိထားပြီး ပြန်ဆွဲလိုက်ပေမဲ့ နှစ်ထပ်ပုံစံဖြစ်နေသည့် သင်္ဘောကြောင့် သူ့ခေါင်းက အောက်ထပ်က တန်းတစ်ခုနှင့် ရိုက်မိသွားဟန်တူသည်။ ပူခနဲ ခံစားချက်နှင့် မဲမှောင်သွားသည့် အမြင်အာရုံကြောင့် ဘာဆိုဘာမှ သူအာရုံမရတော့။
💓
သန်းခေါင်ကျော်မှ ကြမ်းလာသည့် လှိုင်းကြောင့် သင်္ဘောမောင်းသူက ရိဖန်အခန်းကို တံခါးခေါက်ပြီး သက်ကယ်အင်္ကျီဝတ်ထားကာ သတိထားနေရန် လာသတိပေးသည်။
ပင်လယ်အခြေအနေကို သေချာကြည့်ထွက်ခဲ့သော်လည်း အဖျားခတ်လာသည့် မုန်တိုင်းကြား သူတို့ရဲ့သင်္ဘောလေးက တလူးလူး တလိမ့်လိမ့်နှင့်။ အခန်းထဲက အမြန်ထွက်ပြီး ကလေးရှိနေသည့်အခန်းကို တံခါးသွားဖွင့်တော့ ကလေးက အခန်းထဲရှိမနေတော့။
သင်္ဘောတစ်ခုလုံး နှံ့အောင်ရှာလည်း ကလေးကို မတွေ့။ စိတ်ပူလွန်းသောကြောင့် ချက်ချင်း ရှာချင်သော်လည်း ရာသီဥတုအခြေအနေ တော်တော်ဆိုးသောကြောင့် နီးစပ်ရာကမ်းနား ကပ်နေရသည်။ မနက်စောစော မုန်တိုင်းငြိမ်တာနဲ့ လူအင်အားသုံးပြီး ရှာသော်လည်း ထိုအနီးအနားတွင်တော့ ဘယ်လိုမှ ရှာမရခဲ့။
ကလေးကို တစ်ခါမှမရောက်ဖူးသည့်နေရာသို့ အလည်ခေါ်လာရင်း ပျောက်သွားသည်ဆိုတော့ စိတ်မကောင်းဖြစ်ရသော်လည်း အလုပ်ကိစ္စတစ်ချို့ကြောင့် သူက ရှန်ဟိုင်းကို ပြန်ရပြန်သည်။ မြို့ပေါ်နဲ့ သူတို့သွားခဲ့သည့် ကျွန်းတစ်ဝိုက် နှံ့အောင်ရှာဖို့ လူအားရော ငွေအားပါ သုံးခဲ့ပေမဲ့ တော်တော်နှင့် သတင်းမရခဲ့။ ဒါက သူ့အပြစ်တွေပါပဲ။ ကလေးစိတ်ကောက်အောင် မင်္ဂလာကိစ္စ ပြောပြမိတဲ့ သူ့အပြစ်ပေါ့။ ကလေးကို ရှာမတွေ့မချင်း သူတို့ မင်္ဂလာကိစ္စကိုလည်း နောက်ဆုတ်ထားလိုက်သည်။ ကလေးက သူ့နဲ့ ဝမ်းကွဲညီအစ်ကိုပေမဲ့ ညီအရင်းလေးလို ချစ်လာခဲ့ရတာမဟုတ်လား။
ကလေးကိုသာ ပြန်မတွေ့ခဲ့ရင် သူ့ကိုယ်သူ ခွင့်လွှတ်နိုင်မည် မဟုတ်ပေ။
YOU ARE READING
Red String of FATE
FanfictionRed String လေးနဲ့ ဆက်သွယ်ထားတဲ့ လူနှစ်ယောက်က ဘယ်လောက်ပဲဝေးဝေး တစ်ဦးနဲ့တစ်ဦး နီးဖို့ အကြောင်း ဖန်လာတာပဲတဲ့ ❣️ Park Chanyeol X Doh Kyungsoo Zawgyi+Unicode
Part 23
Start from the beginning
