'ဘာ!'

နွယ့်ကိုစိတ်ဆိုးတဲ့အကြည့်နဲ့လှည့်ကြည့်တဲ့မြတ် ပြီးတော့ဘာမှမပြောပဲလှည့်ထွက်သွားတယ်

'မြတ်ရဲ့အပြုမူအတွက်တောင်းပန်ပါတယ် ခွင့်ပြုပါဦး'

နွယ့်ကိုမကြည့်ပဲတစ်ဖက်ကိုလှည့်နေတဲ့မြတ်

'မြတ်'

ဆုပုတ်နေတဲ့မြတ်ကြောင့် နွယ်ဘာလုပ်ရမလဲမသိ ဟိုနေ့ကစိတ်ဆိုးသွားလို့ချော့မလို့ပါဆို ပိုဆိုးသွားပြီထင်တယ်

'မြတ်လို့'

'နွယ် အဲ့လူကိုသဘောကျနေတာလား'

'ဟင် ဘယ်ကသာ သဘောကျဖို့နေနေသာသာ သိတောင်မသိဘူး'

'ဒါဆိုပါးစပ်မပါတာလား'

'ဘာကိုလဲ'

'ကျွန်မရှင့်ကိုပြန်မကြိုက်နိုင်ပါဘူးလို့ပြောလိုက်ရင်ရတာကိုငြင်းရမှာတုံးဆိုင်းနေတာလား'

'မဟုတ်ပါဘူးမြတ်ကလဲ နောက်တစ်ခါဆိုဘယ်သူဘာလာပြောပြော တစ်ခါတည်းငြင်းပစ်မယ်နော် စိတ်မကောက်ပါနဲ့ နော် မြတ်စိတ်ကောက်တော့ နွယ်ကဝမ်းနည်းတာပေါ့'

'လုပ်ချင်တာလုပ်ပြီးရင် သနားကမားရုပ်လေးနဲ့လာပြီ'

'🥺'

'လုပ်မနေနဲ့'

'စိတ်ဆိုးပြေပေးရင်လုပ်တော့ဘူး နော်... ပြေပါနော် '

'ပြေတယ်ပြေတယ်'

'မြတ်စိတ်ကောက်တာက ကလေးကြီးလိုပဲ ချစ်စရာကြီး'

..
'မြတ်'

'လာလေ မမ

'ဘာတွေလုပ်နေတာလဲ'

'ပစ္စည်းတင်ပို့တဲ့စာရင်းစစ်နေတာ'

'မမမြတ်ကိုမကူနိုင်လို့အားနာတယ်ကွယ် မြတ်မှာကျောင်းတစ်ဖက် အလုပ်ကတစ်ဖက်'

'မြတ်ကိုယ်တိုင်ကဒီအလုပ်ကိုရွေးချယ်ခဲ့တာမို့အားမနာနဲ့ နော်'

'ခုတလော houseဆင်းတဲ့ကိစ္စတွေနဲ့မအားတာ မြတ်နဲ့တောင်စကားမပြောရတာကြာပေါ့'

ဦး မြတ်စာကြည့်စားပွဲကပုံလေးယူကြည့်လိုက်တယ်

'ဒါမေမေပြောပြောနေတဲ့ကောင်မလေးလား'

သီရိမြိုင်Where stories live. Discover now