ရန်ကုန်မှ မန္တလေးသို့ ကားမောင်းရမည်ကို ထက်ကိုရှိန်းမမောင်းပါက ပြည်သာရဲထက်မောင်းမည်လား။

"လာ ကိုကို နောက်ကနေတက်"

"ဟင်"

"တက်ပါ ကိုကိုရဲ့"

ပြည်သာရဲထက်က နောက်ခန်းတံခါးကိုဖွင့်ကာ အတင်းထိုးထည့်လေသဖြင့် ထက်ကိုရှိန်းလည်း ယောင်နနဖြင့်ကားပေါ်ရောက်သွားလေတော့သည်။ ပြည်သာရဲထက်က ထက်ကိုရှိန်းအား တစ်ဖက်သို့ တိုးခိုင်းပြီး သူပါ နောက်ခန်းတွင် ဝင်ထိုင်လေသည်။

ထက်ကိုရှိန်းကားပေါ်ရောက်မှ ကားခေါင်းခန်းတွင် မိန့်မိန့်ကြီးထိုင်နေသည့် နေသာရဲထက်နှင့် ဇော်ထက်ကြောင့် ကိုယ်လေးပင် တုန်တက်သွားရသည်။

"ကလေး... သူ... သူတို့က..."

"သူတို့လည်း ခိုးပြေးလာကြတာလေ ကိုကို"

"ဘာ"

"အမလေး... လန့်လိုက်တာ ကိုကိုရာ"

ပြည်သာရဲထက်က ရင်ဘတ်လေးကို ဖိကာ ထက်ကိုရှိန်းကို မျက်မှေးလေးလုပ်ပြသည်။

"ဘယ်လို"

"ဟုတ်တယ်လေ ကိုကိုရဲ့... ကလေးတို့ ခိုးပြေးဖို့ ကိုကြီးကို ကူညီခိုင်းထားတာ"

"အဲ့ဒီတော့..."

"ကိုကြီးနဲ့ ဇော်ထက်ကလည်း ခိုးပြေးမယ်ဖြစ်သွားကြတယ်လေ"

"အဲ့တာနဲ့ ခေါ်လာရရောလား"

ထက်ကိုရှိန်းစကားကြောင့် နေသာရဲထက်က မျက်မှောင့်ကျုံ့လိုက်သည့်အခါ ထက်ကိုရှိန်း ဆက်ပြောမည့်စကားလုံးတို့က လည်ပင်းမှတစ်ဆင့် ပြန်ဝင်သွားကြလေတော့သည်။

"ဒီမှာ ထက်ကိုရှိန်း"

"ဟုတ်ကဲ့ ပြောပါ ကိုနေသာ"

"ငါလည်း ငါ့ညီလေးကို မင်းနဲ့ သဘောတူတဲ့ကောင်တော့ မဟုတ်ဘူး"

နေသာရဲထက်က အေးအေးဆေးဆေးပြောနေသော်လည်း ထက်ကိုရှိန်း ချွေးပျံချင်လာသည်။ ရုတ်တရက် ပတ်ဝန်းကျင်တွင် အပူလှိုင်းလာဖြတ်နေသလိုလိုပင်။ ထိုအခြေနေကို ဝင်ထိန်းလိုက်သူက ပြည်သာရဲထက်ပင်။ သို့သော် ပြည်သာရဲထက်ပြောလိုက်သည့် စကားကြောင့် နေသာရဲထက် သွေအန်လုလုပင် ဖြစ်သွားရလေသည်။

အချစ်နယ်နိမိတ်ဆီ ခင်ဗျားကိုခေါ်သွားချင်တယ်  (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now