ရောက်ပြီ ကားပေါ်က ဆင်းလိုက်သည်နှင့် လူနှစ်ယောက်အရပ်လောက်ရှိသည့် ခြံတံခါးကြီးကို မော့ကြည့်လိုက်လေသည်။ဘဲလ်ကိုနှိပ်လိုက်တဲ့အချိန် ရင်တွေဟာ စောဏကရင်ခုန်နှုန်းထက် အဆမတန်ခုန်ရပြန်ပြီ

"ဘယ်သူနဲ့ တွေ့ချင်လို့လဲ"

အဒေါ်ကြီးတစ်ယောက်လာဖွင့်ပေးသည်။သူ့မျက်နှာထားက ခပ်မာမာ အသားရည်ကတော့ မေမေ့လိုဘဲ ဝါဝင်းလှသည်။ပါတိတ်ဝမ်းဆက် စိမ်းပြာကို ကျော့မော့စွာ ဝတ်ထားပြီး လည်ပင်းမှာ တဖြတ်ဖြတ်လက်နေတဲ့ စိန်ဘယက်ကို တွေ့ရ၍ ဒါဟာ ဒေါ်ဒေါ် ဒေါ်မြခက်နွယ် ဘဲပေါ့

"ဖွားဖွားဒေါ်ရွှေမြခက်နဲ့ တွေ့ချင်လို့ပါ"

"သြော်...."

ဒေါ်ဒေါ်ဟာ မျက်ခုံးပင့်၍ လာလာ ဆိုပြီး သူ့ကို ဦးဆောင်ခေါ်သွားလေသည်။

အိမ်ထဲကိုရောက်သည်နှင့် ကျွန်းထိုင်ခုံကြီးတွေပေါ်ကျုံ့ကျုံ့လေးဝင်ထိုင်လိုက်သည်။ဧည့်ခန်းနံရံမှာ ပန်းချီကားချပ်တွေ ချိတ်ဆွဲထားသည်ကိုလည်းတွေ့ရသည်။ပန်းချီးကားတွေကတကယ့် လက်ရာမြောက် ပညာရှင်ကြီးတွေရဲ့ လက်ရာတွေဖြစ်မည်။
မန္တလေးတောင်ခြေက ခြင်္သေ့ကြီးနှစ်ကောင်ပုံကို ပန်းချီဆွဲထားတာ သိပ်အသက်ဝင်လှသည်။အမျိုးသမီးငယ်လေး ပတ္တလားတီခတ်နေပုံ၊မြန်မာအမျိုးသားတို့ ဆိုင်းတီးခတ်နေပုံ၊မန္တလေးကျုံးမြို့ရိုးကြီးနဲ့အတူ နောက်ခံက မန္တလေးတောင်ကြီးပုံ စတဲ့ ပန်းချီကားချပ်တွေ...။နံရံထောင့်စွန်းမှာ ကျွန်းစားပွဲ ခြေတံရှည်တစ်ခုံရှိသည်။ထိုခုံပေါ်မှာ မြန်မာ့ တူရိယာ တစ်မျိုးဖြစ်သည့် စောင်း ကို ကျကျနနတင်ထားတာဟာ ဧည့်ခန်းနဲ့သိပ်ပနံတင့်နေလေသည်။

ရုတ်တရက် လှေကားပေါ်ကနေ ခြေသံကြားလိုက်ရ၍ ခေါင်းကို ပြန်လှည့်ကာ မတ်တပ်ရပ်လိုက်တော့သည်။

သိပ်လှတဲ့ အမျိုးသမီးကြီးပါလား မေမေနဲ့တူတယ် တကယ်ကမေမေနဲ့တူတာ မဟုတ်ပါဘူး မေမေက ထိုအမျိုးသမီးကြီးနဲ့တူတာပါ။

ထိုအမျိုးသမီးကြီးဘေးမှာ ဒေါ်ဒေါ်ပါ ပါသည်။

ထိုအမျိုးသမီးကြီးသည် စောဏက ဒေါ်ဒေါ်လိုတော့ မဟုတ် မဝတ်အစားက ရိုးရှင်းသည် ချည်ထည်အင်္ကျီရင်ဖုံးးအညိုနှင့် ချည်ထည်ထဘီ အညိုကိုဘဲ ဝတ်ဆင်ထားတာ သူ့ကိုယ်ပေါ်မှာတော့ ဘယ်လက်ဝတ်ရတနာအဆင်တန်ဆာမှဝတ်ဆင်မထားချေ။ဆံထုံးကိုမြင့်မြင့်ထုံးထားလိုက်တာများ တည်ကြည်သူပါ့လားဟု သူမမျက်နှာထားမှာပေါ်လွင်နေသည်။

you are coolWhere stories live. Discover now