.............................................................................................................................................

ထက်ကိုရှိန်းကျောင်းမလာသည်မှာ (၃) ရက်ရှိပြီ ဖြစ်သည့်အတွက် ပြည်သာရဲထက်တို့ ထိုင်မရ၊ ထမရ ဖြစ်နေလေတော့သည်။ သို့သော် ထိုညက အဖြစ်အပျက်ကို ပြန်တွေးမိသည့်အခါ နှုတ်ခမ်းတို့ ကွေးညွတ်နေအောင် ပြုံးမိသွားတော့သည်။

"နူးညံ့လိုက်တာကွာ"

ထို့ကြောင့် စကားတစ်ခွန်းက ပြည်သာရဲထက်၏ အတွေးတို့မှ လျှံကျကာ နှုတ်ဖျားမှ စကားလုံးအဖြစ် ထွက်ကျသွားတော့သည်။

ထို့ကြောင့် အီကြာကွေးဖဲ့နေသည့် ဇော်ထက်က အီကြာကွေးကိုချကာ လက်တွင်ပေနေသည့် ဆီကို ပြွတ်ခနဲ့မြည်အောင် စုပ်လိုက်ပြီး ပြုံးပြုံးကြီးဖြစ်နေသည့် ပြည်သာရဲထက်၏ ပခုံးကိုပုတ်လိုက်သည်။ ထိုအခါ အတွေးနယ်ထဲ သာယာနေသည့် ပြည်သာရဲထက်လေးမှာ လက်ရှိသို့ ဗြုန်းခနဲ ပြန်ရောက်လာရတော့သည်။

"ဟေ့ကောင် ဘာတွေ နူးညံ့နေတာလဲကွ... အီကြာကွေးက ရွရွလေး စားကြည့်မလား"

"ကျစ်"

"ဟမ်"

"ဇော်ထက်ရာ ငါ့ကို ခဏလောက်လွှတ်ထားစမ်းပါကွာ"

"အေး ငါ ဆက်လွှတ်ထားရင် မင်းကို တစ်ဆိုင်လုံးမကပဲ တစ်ကျောင်းလုံးကပါ ရွာသာကြီးဆီ ဝိုင်းပို့ကြတော့မယ် ကျေးဇူးမတင် ဖင်လှန်ပြတဲ့ကောင်"

ဇော်ထက်ပြောမှ ပြည်သာရဲထက် ကိုယ့်ကိုယ်ကို သတိထားမိသွားတော့သည်။ ရေနွေးခွက်ကို လက်ကကိုင်ပြီး ပြုံးပြုံးကြီးလုပ်ကာ စိတ်ရှိလက်ရှိ နမ်းနေမိသည် မဟုတ်ပါလား။

ထို့ကြောင့် ရေနွေးခွက်ကို လက်ကချပြီး အရှက်ပြေရီလိုက်မိသည်။

"ဟီး ဟီး"

"ရီမနေနဲ့ ...ဆိုစမ်းပါအုံး စိတ်နဲ့ကိုယ်နဲ့မကပ် ဘာတွေ ဖြစ်နေတာလဲ"

"ဟီး ဟီး ဒီလိုပါပဲကွာ"

"ဘာက ဒီလိုပါပဲလဲကွ"

"မင်းလို ဂေါ်မစွံတွေကို ဒီအကြောင်းပြောပြလည်း နားလည်ခံစားပေးတတ်မယ် မထင်ဘူး"

"ဟေ့ကောင် ငါက မင်းသူငယ်ချင်းနော်"

"ငါ့ သူငယ်ချင်းဖြစ်ပြီး ငါ့လောက်တော့ အဖြစ်မရှိသေးဘူးမလား"

အချစ်နယ်နိမိတ်ဆီ ခင်ဗျားကိုခေါ်သွားချင်တယ်  (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now