ဒီကောင်လေး သူ့ Facebook Acc ကို ဘယ်သူ့ဆီကနေရပြီး လာAdd ထားသည် မသိချေ။ Comfirm Button လေးအားနှိပ်ရင်း ပြုံးနေသောရှိန်းရဲ့အပြုံးက အရောင်တစ်မျိုး ရောယှက်၍နေပေသည်။

Facebook Noti မြည်သံလေးနဲ့အတူ Acceptလုပ်လိုက်သော ကိုရှိန်းကြောင့် ဖုန်းကိုကြည့်နေရင်း ရင်တောင်ခုန်သွားသလိုပင်။ ဖုန်းလေးရဲ့ Screen အား လက်လေးဖြင့်ပွတ်နေရင်း ကိုရှိန်း Acc လေးအား ဝင်မွှေကာ အသည်းလေးတွေ လိုက်နှိပ်ပစ်လိုက်သည်။

"ဟိဟိ..."

"သားငယ်... တဟိဟိနဲ့ ဘာတွေများအဲ့လောက် ပျော်နေတာလဲ"

ဘေးနားက မာ့မီအသံကြားမှ မျက်နှာပိုးသပ်ကာ ဖုန်းလေးအားခဏ Screen off လိုက်သည်။ Shopping ထွက်ရင်း မာမီက သန်ဘက်ခါတွင်ကျရောက်သော အစ်မဝမ်းကွဲ တစ်ယောက်ရဲ့မွေးနေ့အတွက် နားကပ်လေးကြည့်ချင်သည်ဆိုကာ ဒီဆိုင်လေးထဲသို့ရောက်နေခြင်းဖြစ်သည်။

"ဟီး... မာမီ သားလည်း စုံတွဲလက်စွပ်လေးလိုချင်တယ်"

နားကပ်လေးတွေကြည့်နေသော မာမီက အံ့ဩတကြီးလှည့်ကြည့်လာလေသည်။

"မာမီ့သားငယ်လေးက ရည်းစားတွေဘာတွေများရနေပြီလား... စုံတွဲလက်စွပ်တောင် အတူတူဝတ်ကြမယ့်အဆင့်ထိ ရောက်နေကြပြီပေါ့"

"ဟုတ်ပါဘူး သားက လက်ခလယ်တစ်ကွင်း လက်သူကြွယ်တစ်ကွင်းဝတ်မလို့ ဟီး"

"ဒီကလေး မအေကို နောက်တီးနောက်တောက်နဲ့..."

"ဟီး..."

ဒေါ်ထားရတနာက ပြည်သာရဲ့ပါးလေးကို လက်လေးဖြင့်အသည်းယားစွာဖဲ့ရင်း နားကပ်လေးများအား တစ်ခုပြီးတစ်ခုပြန်ကြည့်နေလိုက်သည်။ 

"ညီမရေ အဲ့ဒီကျောက်အဖြူပုံဆန်းလေးကို တစ်ချက်လောက် ပြပေးပါလားကွယ်"

ဘေးနားကထွက်လာသော အသံနဲ့အတူ ဒေါ်ထားရတနာရှေ့တွင်ရှိသော နားကပ်ပုံဆန်းလေးအား အရောင်းစာရေးမလေးမှယူ၍ ဘေးမှအသံပိုင်ရှင်ရှေ့သို့ပို့လိုက်လေသည်။ စည်းမရှိသော ဝယ်သူနဲ့ စာရေးမကြောင့် ထွက်လာသော ဒေါသအား ဒေါ်ထားရတနာတစ်ယောက် အသာထိန်းလိုက်ရလေသည်။

အချစ်နယ်နိမိတ်ဆီ ခင်ဗျားကိုခေါ်သွားချင်တယ်  (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now