part.31(uni&zawgyi)

Start from the beginning
                                    

ပန်းပွင့်ဖတ်​​လေး​တွေပြည့်​နေတဲ့..​ရေချိုးကန်​ထဲမှာ
​ရေစိမ်​​နေတဲ့..​နေ့ကို..ကန်​​ဘောင်​​ပေါ်မှာ..တင်​ပါးလွှဲ​လေး
ထိုင်​​နေသည့်..သူမက...​ကျောပြင်​တစ်​​လျှောက်​..
လက်​သွယ်​သွယ်​​လေး​တွေနှင့်..မနှိပ်​တတ်​နှိပ်​တတ်​
နှိပ်​နယ်​​ပေး​နေသည်​။ဒါ​ပေမဲ့..ခါတိုင်းနဲ့မတူပဲ...သူမ
တိတ်​ဆိတ်​လွန်း​နေသလိုပင်​။

"အသင်​..."

"ရှင်​..."

​နေ....​ခေါ်လိုက်​တာနှင့်..သူမကချက်​ချင်းထူးသည်​။

"တိတ်​​နေပါလား..ဘာ​တွေ​တွေး​နေတာလဲ..."

အသင်​..သူ့အ​မေးကိုဘာမှပြန်​မ​ဖြေမိ..ဟိုတစ်​​ခေါက်​က
သူ့ကိုနည်းနည်း​လေးစပ်​စုမိတာကို..စကားများတယ်​
ဆိုပြီး..​ရေချိုးကန်ထဲ..ဆွဲချထားခဲ့တာ​လေ..ပြီး​တော့..
သူက..ကိုယ့်ကိုကိုယ်​အာမ..မခံဘူးလို့..အခု​လေးတင်​
​ကြေညာထားတာမို့..အသင်​..သူ့​ရှေ့မှာ.အ​နေအထိုင်​
ဆင်​ခြင်​မှ..ဖြစ်​မည်​။

"........"

​နေ..အ​တွေးလွန်​ကာ..တိတ်​ဆိတ်​​နေပုံရသည့်
သူမ​ကြောင့်..ပြုံးမိသွားရသည်​။​ထို့​ကြောင့်​ပခုံး​ပေါ်​....
​ရောက်​လာတဲ့..သူမလက်​​လေးကို..လှမ်းဆုပ်​ကိုင်​
လိုက်​ကာ..သူမကိုလှည့်ကြည့်လိုက်​မိရင်း.....၊

"​မေး​နေတာ...မကြားဘူးလား..ဘာ​တွေ​တွေး​နေတာလဲ"

"ဘာမှမ​တွေးပါဘူး..အသင်​က..ရှင်​အ​နှောင့်အယှက်​
ဖြစ်​မှာစိုးလို့ပါ..."

"အဟက်​....အခုမှအလိုက်​သိ​နေလိုက်​တာကွာ..
ူဒါ​ပေမဲ့...မင်းတိတ်​ဆိတ်​​နေ​တော့..ကိုယ်​မ​နေတတ်
​တော့ဘူး...တစ်​ခုခု​ပြော..."

"အသင်​က..ဘာ​ပြောရမှာလဲ.."

"မင်း​ပြောချင်​တာ..တစ်​ခုခု​ပေါ့..."

​ပြောပြီး..သူက..အသင့်လက်​​လေးကိုလွတ်​​ပေးကာ
ပြန်​လှည့်သွားတဲ့သူ့​ကြောင့် အသင်​တစ်​ချက်​စဉ်းစားသလို​လေး
ဖြစ်​သွားရပြီးမှ....။

"ရှင့်မှာ..ဆုံးသွားတဲ့ရှင့်အ​ဖေအပြင်​တခြား..မိသားစု​တွေ
မရှိကြဘူးလားဟင်​..."

စေတန်ရဲ့သတို့သမီးWhere stories live. Discover now