ထိုစကားကြားရသည့်အခါ ပြည်သာရဲထက်တို့ ညာလက်လေးကို မြောက်ကြည့်မိလိုက်လေသည်။

'ကောင်မလေးမဟုတ်ဘူး မာမီ ကောင်လေးပါ မာမီတော့ သမက်ရတော့မယ်'

ထိုစကားကိုတော့ စိတ်ထဲမှသာ ပြောလိုက်ခြင်းဖြစ်လေသည်။

"ဟုတ်ကဲ့ မာမီ မိတ်ဆက်ပေးမှာပေါ့"

ရင်ခွင်ထဲခေါင်းတိုးနေသည့် ပြည်သာရဲထက်၏ ဆံပင်လေးများကို ဒေါ်ထားရတနာက အသာယာဖွနေမိသည်။

"စာလုပ်ပြီးရင် ဂိမ်းမဆော့နဲ့တော့နော် စောစောအိပ်"

"ဟုတ်"

…………………………………………………………………………………………….

ထက်ကိုရှိန်းမှာ ရုပ်ရည်ချောမောသည့်အပြင် အနေတည်ပြီး ရည်းစားအရှုပ်အရှင်းကင်းသူဖြစ်သည်။

စာဖတ်ဝါသနာပါပြီး စာပေနှင့်အနုပညာယဥ်ကျေးမှုအသင်းတွင် အတွင်းရေးမှူးအဖြစ်တာဝန်ယူထားကာ ဒုတိယနှစ်တွင် အသင်းလိုက်စစ်တုရင်ချန်ပီယံ ဖြစ်ခဲ့သေးသည်။ အင်မတန်ဉာဏ်ကောင်းပြီး မျက်နှာမြင် ချစ်ခင်ပါစေဆိုသည့် ကောင်းချီးနှင့် ပြည့်စုံသူပင်။ မိန်းကလေးအများစု၏ အိပ်မက်ကို နေရာယူထားသည့် အိပ်မက်စိုးမိုးသူနတ်ဘုရားလည်းဖြစ်သည်။

Maths မေဂျာ၏ Volunteer လုပ်ငန်းများကို ပါဝင်ဆောင်ရွက်တတ်ကာ ကျောင်းကန်န်တင်းလည်း တော်ရုံနှင့် မထိုင်တတ်ပေ။ ကျောင်းစာကြည့်တိုက်တွင်သာ အချိန်ကုန်တတ်သူ။

'သင်္ချာမေဂျာ၏ နတ်ဘုရား ထက်ကိုရှိန်း၏ ကြင်ယာတော်က ဘယ်သူဖြစ်လာမလဲ' ထိုအရာက မိန်းကလေးများအားလုံး စိတ်ဝင်စားကြသည့်အရာ။ နံပတ် (၁) နေရာကိုယူထားသည့် ခေါင်းစီးသတင်းကြီးဖြစ်လေသည်။

"လာပါ ရှိန်းရယ်"

ဒီးဒီးက ထက်ကိုရှိန်း၏ သူငယ်ချင်းကောင်မလေးဖြစ်ကာ ဖူဂျိုရှိစစ်စစ်။ အချိန်ရသည်နှင့် ဘယ်ကောင်လေးနဲ့ ဘယ်ကောင်လေး လိုက်ဖက်သည်ဟု လိုက်တွဲပေးနေသူ။ အဖွဲ့ထဲရှိ တစ်ဦးတည်းသော ကောင်မလေးဖြစ်ကာ လိုချင်တာကို မရမကပူဆာတတ်သည်။

"မလိုက်ချင်ဘူး ဒီးဒီးရယ် ငါ အေးဆေးလေး နေပါရစေဟာ"

"တွေလား ရတု ရှိန်းက ငါတို့ကို မခင်ဘူး"

အချစ်နယ်နိမိတ်ဆီ ခင်ဗျားကိုခေါ်သွားချင်တယ်  (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now