3💫

576 88 8
                                    

Unicode

"Jennieရေ နင့်အတွက် ပန်းတဲ့"

Juhyun unnieက ပန်းစည်းတစ်စည်းကို ယူလာပီး Jennieအားပေးသည်

"ဘယ်သူပေးတာလဲ unnie"

"Kim Jan Hoပဲလေ

"ဟယ် သူထပ်ပြောပြန်ပီလား "

"ဟုတ်မယ်ထင်တယ် ဒီမှာစာတစောင်ပါတယ် ဖတ်ကြည့် Jennie"

"Jennie
ဒီပန်းတွေရဲ့အလှကိုခံစားပီး
ကိုယ်မင်းကိုသဘောကျနေတဲ့စိတ်ကိုလည်း
လက်ခံပေးပါ
မှ Kim Jan Ho"

"ဟဲ့ Kim Jan Hoဆိုတာ ဟိုနေ့တွေကတည်းက ပန်းစည်းပေးရင် ဖွင့်ပြောတဲ့တယောက်ပဲလား"

Juhee unnieကပါ စကားဝိုင်းထဲ ဝင်လာသည်

"အင်း ဟုတ်မယ်ထင်တာပဲ"

"ဟယ် သူနင့်ကို လက်မလျှော့သေးဘူးလား ဘယ်နှခေါက်ရှိပီလဲ နင့်ကိုဖွင့်ပြောနေတာ"

"၅ခါလောက်ရှိပီထင်တယ်"

Jennieကရယ်ကာ ပြောသည်

"ကဲ ဘယ်လို ဒီတခေါက်ရော နင်သူ့ကို လျစ်လျူရှုဦးမှာလား"

"အင်း ဟုတ်တယ် အခု ညီမခေါင်းထဲမှာ သူ့အကြောင်းမတွေးနိုင်ဘူးရယ် ကိုကို့အကြွေးကို ဘယ်လိုကြေအောင်ဆပ်ရမလဲပဲ တွေးနေမိတယ်"

"ကြေတော့မှာမလား"

"အေး သန်း၂၀၀ကတော့ ကြေတော့မယ် နည်းနည်းပဲကျန်တော့တယ်"

Jennieက ခေါင်းထဲမှာ ထိုအကြွေးကိစ္စကိုသာ တွေးနေမိသည်

သန်း၁၉၀ကတော့ ချေပီးပိ နောက်၁သန်းကလည်း မကြာခင် Jenချေနိုင်တော့မည် ပိုက်ဆံစုနေတာပြည့်တော့မှာမို့လေ

ကိုကို့ရဲ့အကြွေးတွေကြေဖို့က Jenအတွက် အရေးအကြီးဆုံးပင်

အခုအကြွေးကျေတော့မှာမို့ Jenပျော်ရွှင်မိသည်

ဒါမှ Jenလည်း ကိုယ့်ဘဝအတွက် ကိုယ်ရှေ့ဆက်နိုင်မည် ကိုကို့အတွက် ပူစရာမလိုပဲပေါ့

ကိုကို့သူငယ်ချင်း Jenကို စိတ်ဝင်စားတယ်ဆိုတာကို Jenသိပေမယ့် Jenက သူ့အပေါ် စိတ်တောင် မလှုပ်ရှားမိပေ Jenကတော့ သူ့ကိုအစ်ကိုလိုမျိုးပဲ ချစ်မိခင်မိသည်

Into youWhere stories live. Discover now