ဦးလေးဂိုဝင်ပြောမှ သူ စိတ်လျော့ပြီး ခေါင်းငြိမ့်ပြလိုက်သည်။
"ကျွန်တော်တို့ အဲ့ဒီညက အပျော်စီးသင်္ဘောနဲ့ ပင်လယ်ထဲထွက်ခဲ့တယ်
ညဦးပိုင်းမှာ ကလေးက ကျွန်တော့်ကို စိတ်ကောက်ပြီး အခန်းထဲစောစောဝင်သွားခဲ့တာ
ညနက်ပိုင်း လေကျလာလို့ သူ့အခန်းထဲသွားကြည့်တော့ မတွေ့တော့ဘူး
ကျွန်တော်သတိမထားမိခင် သူသင်္ဘောပေါ်က ပြုတ်ကျသွားတယ်လို့ ကျွန်တော်တို့ထင်တယ်
အနီးအနားတွေ လိုက်ရှာပေမဲ့ ဒီဘက်ကိုတော့ ရောက်လာမယ် မထင်ခဲ့ဘူး
လုဟန် လာပြောမှပဲ ချက်ချင်းလိုက်လာခဲ့တာ
ချန်းယောလ်ဘက်က လုံးဝယုံကြည်သွားတဲ့အထိ ကျွန်တော့်ဘက်က သက်သေပြပေးနိုင်ပါတယ်
ကျွန်တော်နဲ့ ကလေးက ညီအစ်ကိုဝမ်းကွဲဆိုပေမဲ့ သွေးအရင်းအချာတွေလိုပါပဲ
နောက်ပြီး ကလေးလည်ပင်းမှာ ပုလဲနက်ဆွဲကြိုးလေး ပါလာခဲ့တယ်မဟုတ်လား"
"ပါလာပါတယ်"
"ကျွန်တော်နဲ့ အတူတူဝယ်ထားတာပါ
ကလေးက ပုလဲနက်လေးယူပြီး ကျွန်တော်က ကမာခွံလေးယူထားခဲ့တာပါ
တွဲလိုက်ရင် တစ်ထပ်တည်းကျသွားပါတယ်
ချန်းယောလ် မယုံရင် စစ်ကြည့်လို့ရပါတယ်"
ကလေးကို ရေပတ်တိုက်ပေးတုန်းက ခဏချွတ်ထားသည့် ဆွဲကြိုးလေးကို ဦးလေးဂျွန်က သွားယူလာပေးသည်။ ဝူရိဖန်ဆိုသူက သူ့လည်ပင်းက ကြိုးကို ဖြုတ်ကာ လော့ကတ်ချင်း ချိတ်လိုက်တော့ ကလေးရဲ့ ပုလဲနက်လေးက တစ်ဖက် ကမာခွံလေးထဲ အသားတကျ ဝင်သွားသည်။
"နောက်ပြီး ကလေးရဲ့ မှတ်ပုံတင်နဲ့ မွေးစာရင်းတွေရော
ထောက်ခံချက်တွေပါ ချန်းယောလ်ကိုပြဖို့..."
"မလိုတော့ပါဘူး ကျွန်တော်ယုံပါတယ်"
"ဒါဆို ကျွန်တော်တို့ ကလေးကို အခုခေါ်သွားလို့ရမလား"
"ကလေးက နေမကောင်းလို့အိပ်နေတာ
အခုခေါ်သွားမယ်ဆိုရင်..."
"ကျွန်တော်တို့မှာ ကားပါပါတယ်
ကလေးသက်သာအောင်လည်း အကုန်စီစဉ်ထားပါတယ်
ကျွန်တော့်အနေနဲ့ ရှန်ဟိုင်းကိုပြန်ရဦးမှာဆိုတော့ ဖြစ်နိုင်ရင် မြန်မြန်လေး ပြန်ခေါ်သွားချင်တယ်"
CITEȘTI
Red String of FATE
FanfictionRed String လေးနဲ့ ဆက်သွယ်ထားတဲ့ လူနှစ်ယောက်က ဘယ်လောက်ပဲဝေးဝေး တစ်ဦးနဲ့တစ်ဦး နီးဖို့ အကြောင်း ဖန်လာတာပဲတဲ့ ❣️ Park Chanyeol X Doh Kyungsoo Zawgyi+Unicode
Part 21
Începe de la început
