"ဘယ်သူလဲ..."

"ဦးလေးပါ...ဦးလေးဂို"

ရင်းနှီးနေသည့် အသံကြားမှ သူသက်ပြင်းချပြီး တံခါးကိုဖွင့်လိုက်သည်။

"ညနက်ကြီး ဘာကိစ္စနဲ့...."

ချန်းယောလ် တံခါးနှစ်ဖက်လုံးကို ဖွင့်ထုတ်ရင်းမေးလိုက်ပြီးမှ ဦးလေးဂိုနောက်မှ လူနှစ်ယောက်ကို သေချာမြင်သည်။ ရှောင်လုဟန်နဲ့ နောက်ထပ်အမျိုးသား တစ်ယောက်က ဦးလေးဂိုနဲ့အတူ လိုက်လာခြင်းဖြစ်သည်။

"ဆက်သွယ်ရေးတိုင်တစ်ချို့လဲသွားတယ်လေ
ဦးလေး ချန်းယောလ်ကို ဖုန်းဆက်သေးတယ် ဖုန်းကမဝင်ဘူး"

"အထဲဝင်ပါဦး"

မိုးသံက ကြမ်းလွန်းတာကြောင့်ရော၊ သုံးယောက်လုံး မိုးကာတွေ ရွှဲနေတာကြောင့်ပါ ချန်းယောလ် အိမ်ထဲကို ဝင်ဖို့ခေါ်လိုက်သည်။

"ညနက်ကြီးလာရတာ အားနာပါတယ်
ဒါပေမဲ့ အရေးကြီးကိစ္စဖြစ်နေတော့"

"ပြောပါ အုပ်ချုပ်ရေးမှူး"

သူတို့အတူတူ ဧည့်ခန်းမှာ ဝိုင်းထိုင်လိုက်ကြတော့ ဦးလေးဂျွန်ကပါ အခန်းထဲက ထွက်လာသည်။

"ဒီကလေ ချန်းယောလ် ကယ်ထားတဲ့ ကလေးလေးရဲ့ အုပ်ထိန်းသူဆက်သွယ်လာလို့"

ဦးလေးဂို လက်ညွှန်ပြတဲ့ လူကိုကြည့်လိုက်တော့ ထိုလူက ချန်းယောလ်ကို လက်ကမ်းလို့ သူ့ကိုယ်သူ မိတ်ဆက်လာသည်။

"တွေ့ရတာ ဝမ်းသာပါတယ်
ဝူရိဖန်ပါ..."

"ကျွန်တော် ပတ်ချန်းယောလ်ပါ"

"အရင်ဆုံး ကလေးကို ကယ်တင်ထားတဲ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်စကားကို ဘယ်လိုပြောရမလဲတောင် မသိပါဘူး"

"အဲ့ဒါက အဓိကတော့မဟုတ်ပါဘူး
ကျွန်တော်သိချင်တာက ခင်ဗျားက ကလေးရဲ့ အုပ်ထိန်းသူဆိုတာ ဘယ်လိုယုံရမလဲ"

ချန်းယောလ်က ထိရှလွယ်နေတဲ့အခြေအနေမို့ မချိုမသာတုန့်ပြန်သော်လည်း ဦးလေးဂျွန်ကတော့ သူ့ပခုံးကိုဆုပ်ကိုင်လျက် စိတ်လျော့ဖို့ ခပ်တိုးတိုးပြောသည်။

"ချန်းယောလ် အဲ့ဒါက ဦးလေးလည်း မေးပြီးပါပြီ
မိသားစုစာရင်းနဲ့ ကလေးလေးငယ်ဘဝက မှတ်တမ်းတွေပါ အကုန်ပါလာခဲ့တာ"

Red String of FATEWhere stories live. Discover now