"မနိုးသေးပါဘူး အဖျားတော့ တက်နေလို့ ဦးလေး ရေဝတ်သေချာအုပ်ပေးထားတယ်"

ချန်းယောလ် သက်ပြင်းချလိုက်ရင်းသာ လက်ထဲကဆေးထုပ်ကို ဖွင့်လိုက်ပြီး နေ့ခင်းဘက်တိုက်ရမည့်ဆေးကို ပန်းကန်ထဲထည့်လိုက်သည်။ ထို့နောက် လမ်းကြုံဝယ်လာသော ဆန်ပြုတ်ကို ပန်းကန်ထဲပြောင်းထည့်ပြီး ကလေးကိုယ်လုံးလေးကို ဆွဲပွေ့လိုက်သည်။ ဦးလေးဂျွန်က သူနဲ့အတူတူ ကလေးလေးကို ဆန်ပြုတ်ကူတိုက်ပေးရသည်။ သေချာ နိုးမလာတာမို့ ငါးဇွန်းလောက်သာ ဝင်အောင်တိုက်ပြီး ဆေးတိုက်လိုက်တော့သည်။ အရေးကြီးတာ ကလေး အဖျားကျပြီး သေချာ ထ လာနိုင်ဖို့ဖြစ်သည်။

"ဦးလေး...ကလေးက အဖျားမကျရင် ဘယ်လိုလုပ်မလဲ
ကျွန်တော်တော့ ဆေးရုံခေါ်သွားချင်တယ်"

"တစ်ညလောက် ထပ်စောင့်ကြည့်ပြီး နောက်နေ့ ခေါ်သွားတာပေါ့
အခုအခြေအနေက လမ်းတွေအဆင်မပြေတာ မင်းလည်း သိသားနဲ့"

"ကျွန်တော်စိတ်ပူလို့"

ဦးလေးက သူ့ပခုံးကို ခပ်ဖွဖွလေးပုတ်လျက် နှစ်သိမ့်ပေးသော်လည်း သူ့ရင်ထဲတော့ ပူလောင်လို့နေသည်။ ကလေးလေးသာ တစ်ခုခုဖြစ်သွားရင် သူရင်ကျိုးရချည်ရဲ့။

💓

မနေ့ကတိုက်ထားသည့်လေအရှိန်ကြောင့် ဒီည မိုးကျပြန်သည်။ တဝုန်းဝုန်းနဲ့ အညှိုးတကြီး ရွာလို့နေသည့် မိုးက ကလေးလေးရောက်ကာစနေ့ရက်များကို ပြန်သတိရစေသည်။ မိုးထဲလေထဲမှာ ကလေးငယ်ကိုတွေ့ခဲ့ပြီး နှစ်ညဆက်တိုက် မိုးဆက်ရွာနေခဲ့သည်။ မိုးခြိမ်းတာကိုကြောက်တဲ့ ကောင်လေးကို သူမချစ်မိခင်ကတည်း စိတ်ပူပြီး ဂရုစိုက်ခဲ့ရတာတွေ...။

ဒီညလည်း ညနက်သည်အထိ ချန်းယောလ် အိပ်မပျော်။ တစ်ယောက်တည်းမို့ တိုင်ပင်ဖော်ရအောင် ဦးလေးဂျွန်ကိုပါ အိမ်မှာအိပ်ဖို့ အကူအညီတောင်းထားသည်။ ဦးလေးက သူ့ကို ညစာပါ သေချာချက်ပေးပြီး ကလေးလေးအနားထိုင်ကာ စာအုပ် တစ်အုပ်ကိုဖတ်လျက်နေနေသည်။ သူ့နည်းတူ ကလေးလေးကို ချစ်တဲ့ ဦးလေးကလည်း တော်တော်နဲ့ အိပ်မပျော်ပုံပေါ်သည်။

အရောင်မှိန်လာသော ဆိုလာမီးလေးကို ဖြုတ်ပြီး အသစ်လဲနေတုန်း သူ့အိမ်တံခါးကို ခပ်ပြင်းပြင်းခေါက်သံကြားရသည်။ သူနဲ့ ဦးလေးဂျွန်နဲ့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးမှ သူတံခါးဖွင့်ရန် သွားလိုက်သည်။ ဒီလောက်ညနက်ကြီး ဘယ်သူပါလိမ့်။

Red String of FATEWhere stories live. Discover now