part.29(uni&zawgyi)

Start from the beginning
                                    

"ခဏ​နော်​..သလင်း..."

​နေ..သလင်းကိုလက်​ကာပြလိုက်​ရင်း..သူမဆီ
ဖုန်းပြန်​​ခေါ်လိုက်​​တော့..သူမကဖုန်းမကိုင်​​တော့...

"ကျစ်​...ဖုန်းကိုဘာလို့မကိုင်​ရ​တော့ပြန်​တာလဲ.."

​နေ..စိတ်​ရူပ်​သလို..ခပ်​တိုးတိုး​ရေရွတ်​လိုက်​မိသည်​။

"ဘာလို့လဲ..ကို​နေ..အရမ်းအ​ရေးကြီးတဲ့ကိစ္စမို့
လို့လား..."

​နေ..ဝင်​​နေ​ပေမဲ့..မကိုင်​တဲ့ဖုန်းကိုပြန်​ချလိုက်​ရင်း

"မဟုတ်​ပါဘူး...စား​လေ..သလင်း..ဟင်း​တွေ..
​အေးကုန်​​တော့မယ်​..."

"ဟုတ်​ကဲ့..."

လို့သာ...သလင်းပြန်​​ပြောလိုက်​​ပေမဲ့..မျက်​ဝန်း​တွေက
ခုနကနဲ့ခြားနားစွာ..တစ်​ခုခုကိုအလိုမကျသလို
ဖြစ်​​နေတဲ့..​သူ့ဆီမှာသာ​ဝေ့လည်​​နေခဲ့သည်​။

"အဲ့ဒီ​ကောင်​မ​လေးကဘယ်​သူလဲ...ဘာလို့ကို​နေက
အဲ့​ကောင်​မ​လေးဖုန်းမကိုင်​တာနဲ့.ဒီလိုပုံစံဖြစ်​​နေရတာလဲ"

"My Girl....(ကိုယ့်ရဲ့​ကောင်​မ​လေး)"တဲ့

ဒီလို..အမည်​မျိူးနဲ့..​နေကုဋာရဲ့..phone contact
ထဲမှာ..​နေရာယူထားနိုင်​တဲ့..သူမက..ဘယ်​သူများလဲ??

"ဪ..ဒါနဲ့....ကို​နေ့ကို...သလင်း​ပြောစရာ..
ရှိ​သေးတယ်​..."

"​ပြော​လေ..သလင်း.."

"အဟင်း...အခုလာမဲ့..၃ရက်​​နေ့က..သလင်းရဲ့..
၂၆နှစ်​ပြည့်​မွေး​နေ့​လေ....(..........)ဟိုတယ်​မှာ
ကျင်းပမှာ..ကို​နေလာဖြစ်​​အောင်​လာခဲ့ရမယ်​​နော်​..."

"ဘာများလဲလို့...ကိုယ်​လာခဲ့ပါ့မယ်​..ကိုယ်​တို့
​ကြော်​ငြာ​မော်​ဒယ်​ရဲ​မွေး​နေ့ပွဲပဲ..မလာလို့ဘယ်​ဖြစ်​
ပါ့မလဲ..."

​နေ့စကား​ကြောင့်..သူမက..မ​ကျေမနပ်​ပုံစံ​လေး
ဖြစ်​သွားကာ...

"အဲ့လို..အလုပ်​​ကြောင့်ဆိုတာထက်​..သလင်းက..
ကိုယ်​​ရေးကိုယ်​တာမိတ်​​ဆွေအဖြစ်​ကို​နေ့ကိုတက်​
​စေချင်​တာပါ​နော်​..."

သလင်းစကားကိုနား​ထောင်​ပြီး..သူက..ဆွဲ​​​ဆောင်​မူ့
ရှိစွာပြုံးသည်​။

စေတန်ရဲ့သတို့သမီးWhere stories live. Discover now