part.24(uni&zawgyi)

Start from the beginning
                                    

သူ့စကား​ကြောင့်..အသင်​..အရမ်းအံ့ဩသွားခဲ့
ရသည်​၊

"ဒါဆို..ရှင်​က..."

အသင်​..စကားကိုဆုံး​အောင်​ဆက်​မ​ပြောနိုင်​ခဲ့​တော့
သူက​ခေါင်းငြိမ့်သည်​။

"ဟုတ်​တယ်​..ကိုယ်​ကမှတ်​ညဏ်​​တွေ​ပျောက်​ဆုံး
​နေတဲ့လူတစ်​​ယောက်​ပါ.."

"အို.."

​အာ​မေဋိတ်​သံရဲ့​နောက်​ကွယ်​မှာ..လိူက်​ခနဲဝမ်းနည်း
ခံစားသွားရတာကသူ့အတွက်​...

"လွန်​ခဲ့တဲ့..၁၂နှစ်​က..အက်​စီးဒင့်တစ်​ခု​ကြောင့်
ကိုယ်​မှတ်​ညဏ်​​တွေ​ပျောက်​ဆုံးသွားခဲ့တာ..ကိုယ်​ချစ်​တဲ့
ကိုယ့်မိသားစုဝင်​​တွေကို​တောင်​..မမှတ်​မိနိုင်​ခဲ့တဲ့
အထိ..ကိုယ့်အတွက်​..အမှတ်​တရ​တွေအများကြီး
ရှိခဲ့နိုင်​တဲ့..ကိုယ့်ငယ်​ဘဝရဲ့မှတ်​ညဏ်​​တွေအားလုံး
ကိုယ်​ဆုံးရူံးလိုက်​ရတယ်​..အခွံလွတ်​ကြီးလိုဖြစ်​​နေတဲ့
ကိုယ့်​ခေါင်းထဲကို..ပါပါရိုက်​သွင်းခဲ့တဲ့စကား​တွေက
စွဲမြဲ​နေခဲ့တယ်​​လေ..."

အသင်​..သူ့ကိုဘာမှမ​ပြောနိုင်​ပဲ​ငေးကြည့်​နေမိသည်​။

"ထက်​မြတ်​တဲ့​ယောကျာင်္းတစ်​​ယောက်​အတွက်​..
ချစ်​ခြင်း​မေတ္တာဆိုတာက..ဆုံးရူံးမူ့​တွေကိုသာ..
ယူ​ဆောင်​လာ​ပေးတာ..ကိုယ့်ဘဝမှာဘယ်​သူ့ကိုမှ
မချစ်​မိ​စေနဲ့တဲ့.."

"......"

"ကိုယ်​..ပါပါဖြစ်​​စေချင်​သလို ဘဝမျိုးနဲ့ပဲ​နေခဲ့ရတာ
ကိုယ်​ဖြစ်​ချင်​တာဘာလဲဆိုတာလဲ..ကိုယ်​တစ်​ခါမှ
မ​တွေးခဲ့ဖူးဘူး..အဲ့ဒီ့အတွက်​လဲကိုယ်​​နောင်​တမရ
ပါဘူး..ဒါ​ပေမဲ့...အသင်​.."

သူကနာမည်​ကို​ခေါ်ရင်း..ပါးပြင်​​လေးတစ်​ဖက်​ကို
ဖွဖွပွတ်​သပ်​​နေကာ..

"မင်းရဲ့​မေးခွန်းကိုကိုယ်​မ​ဖြေနိုင်​ရင်​​တောင်​..မင်း
​ကျေနပ်​တဲ့​လောက်​တဲ့​သေချာခြင်း​တွေနဲ့..ကိုယ့်ဘက်​က
သက်​​သေပြနိုင်​ပါတယ်​...မင်းက..ကိုယ့်အတွက်​..
ကိုယ့်ရင်​ထဲမှာ..​နေရာယူထားတဲ့..ပထမဆုံးမိန်းက​လေး
ဆိုတာကို​ပေါ့...."

စေတန်ရဲ့သတို့သမီး ( Completed )Where stories live. Discover now