part.24(uni&zawgyi)

Start from the beginning
                                    

​နေ့စကား​ကြောင့်..ဖျပ်​ခနဲ​ခေါင်း​မော့ကြည့်လာတဲ့
သူမ...

"မင်းကကိုယ့်အတွက်​..ဘယ်​မိန်းက​လေးနဲ့မှ..
နိူင်းယှဉ်​လို့မရတဲ့..ကိုယ့်ရဲ့ခံစားချက်​က..မင်း
အတွက်​မလုံ​လောက်​​သေးတာလား..."

​နေ..​ပြောတာကိုနား​ထောင်​ပြီး..သူမကမျက်လုံး​လေး
လွှဲသွားကာ...

"ရှင်​က..အဓိကအ​ကြောင်းအရာကိုဖယ်​ကြဉ်​ထား
ခဲ့တာပဲ..​နေ..အသင်​..ရှင့်ကိုညတုန်းက​မေးခဲ့တဲ့
​မေးခွန်းအတွက်​..ရှင့်မှာအ​ဖြေမရှိဘူးမဟုတ်​လား..
ဒါမှမဟုတ်​..နားဝင်​မချိုနိုင်​တဲ့အ​ဖြေမ်ို့..ရှင်​တမင်​
မ​ဖြေချင်​တာလား..."

သူက..အသင့်ကိုဘာမှပြန်​မ​ပြောပဲစိုက်​ကြည့်​နေသည်​။

"ရင်​ခုန်​တယ်​ဆိုတိုင်း..အချစ်​မဟုတ်​ပါဘူး..​နေ..အသင်​
နားလည်​ပါတယ်​..အသင်​က..ရှင့်​တွေ့ဖူးခဲ့တဲ့..
မိန်းက​လေး​တွေနဲ့မတူလို့..ရှင့်အတွက်​အသစ်​အဆန်း
ဖြစ်​​နေခဲ့တာ..ခဏတာအထိအ​တွေ့မှာသာယာမိလို့
ဖြစ်​​ပေါ်လာတဲ့..အနမ်း​တွေကလဲ..အွန့်..."

စကားမဆုံးခင်​..​ခြေမြန်​လက်​မြန်​နှင့်မျက်​နှာ​လေးကို
​မော့ယူပြီး..နူတ်​ခမ်း​နွေး​နွေး​လေးကို....သူကနူတ်​ပိတ်​
သလို..သူ့နူတ်​ခမ်း​တွေနှင့်အတင်းဖိကပ်​ပစ်​လိုက်​သည်​။

"........"

စက္ကန့်ပိုင်း​လေးမျှသာ..ထိကပ်​လိုက်​တဲ့သူက..
နူတ်​ခမ်း​တွေကိုပြန်​ခွာလိုက်​​ပေမဲ့..ကကြီးပုံ...
နူတ်​ခမ်းပြည့်ပြည့်​လေးမှာ..လက်​​ချောင်းသွယ်​သွယ်​
​တွေက..မထိတထိတို့ကစား​နေရင်း...

"ကိုယ့်မှာအ​ဖြေမရှိတာလဲ..မဟုတ်​ဘူး..တမင်​မ​ဖြေ
ချင်​တာလဲမဟုတ်​ပါဘူး..အသင်​...ကိုယ်​..နားမလည်​ဘူး
အချစ်​ဆိုတဲ့အရာက..ဘာလဲ...အချစ်​ဆိုတဲ့စကားလုံးက
ကိုယ့်ဘဝအတွက်​စိမ်းသက်​လွန်း​နေတယ်​.."

​ပြောရင်း..သူက..သက်​ပြင်းတစ်​ချက်​ရိူက်​လိုက်​ကာ

"၁၆နှစ်​တာ..မှတ်​ညဏ်​​တွေ​ပျောက်​ဆုံး​နေတဲ့
ကိုယ်​ရဲ့ဦး​နှောက်​ထဲမှာ​ရော..​မွေးခဲ့တဲ့
အ​မေရဲ့မျက်​နှာကို​တောင်​..စိတ်​ကူးတဲ့ပုံ​ဖော်​မကြည့်
နိုင်​ခဲ့တဲ့..ကိုယ့်ရဲ့နှလုံးသားထဲမှာပါ..အချစ်​ဆိုတဲ့
အရာက....တစ်​ကယ့်အစိမ်းသက်​သက်​ပါ.."

စေတန်ရဲ့သတို့သမီးWhere stories live. Discover now