part.24(uni&zawgyi)

Magsimula sa umpisa
                                    

"ချာတိတ်​...ထ​တော့​လေ...​နေမြင့်​နေပြီ..."

နား..နားကပ်​ကာ​လေသံတိုးတိုးနှင့်​ပြောလိုက်​​တော့
သူမကိုယ်​​လေးလူးလွန့်လာသည်​။

"ဟင်​..."

မျက်​လုံး​တွေဖွင့်လာသည့်..သူမက..​နေ့ကိုမြင်​တာနှင့်
ထိတ်​လန့်ဟန်​​လေးဖြစ်​သွား​တော့..​နေရယ်​လိုက်​မိကာ

"ဘာဖြစ်​သွားတာလဲ..ကိုယ့်ကို​တွေ့တာ..သရဲ​တွေ့တာ
ကျ​နေတာပဲ..."

"ရှင်​..ဘယ်​လိုအခန်းထဲ​ရောက်​​နေတာလဲ..."

အသင်​..သူ့ကို​မေးရင်းထထိုင်​လိုက်​တော့..​ခေါင်းထဲမှာ
​တော်​​တော်​​လေးကိုမကြည်​မလင်​ဖြစ်​​နေတာကို
သတိထားလိုက်​မိသည်​။

"မင်း..ဘယ်​လို​နေလဲ....​ခေါင်းကြည်​ရဲ့လား..."

"ဟင့်အင်း..​ခေါင်း​တွေထိုး​နေတာ..အရမ်းပဲ..."

"ကိုယ်​​ပြောသားပဲ....ဝိုင်​နီကအရမ်းပြင်းပါတယ်​လို့
ကဲ..​ကော်​ဖီ​လေးအရင်​​သောက်​လိုက်​..မင်း..​ခေါင်း
ကြည်​သွားလိမ့်မယ်​..."

​ပြောရင်း..သူကဗန်းထဲက..​ကော်​ဖီခွက်​ကိုလှမ်း
ယူကာ..မူတ်​​ပေးဟန်​ပြုပြီး..အသင့်ကိုလှမ်း​ပေးသည်​။

အသင်​..ဂရုတစိုက်​ရှိလွန်း​နေတဲ့သူ့​ကြောင့်..ထူးဆန်း
သလိုကြည့်​နေမိသည်​။ညက​လေးတင်​..အသင့်အ​ပေါ်
ကြမ်းကြမ်းတမ်းတမ်း ပြုမူခဲ့တဲ့သူမဟုတ်​သလိုပင်​

"ဟင့်အင်း..အသင်​မ​သောက်​ချင်​ဘူး..."

သူမက..​နေ့ကိုစူးစမ်းသလို​လေးကြည့်​နေရာက..
​ခေါင်းယမ်းသည်​။

"ဘာလဲ..မင်းကိုယ့်ကိုစိတ်​ဆိုး​နေ​သေးတာလား.."

​"အသင်​ရှင့်ကို..စိတ်​မဆိုးပါဘူး...ဒီအတိုင်း....
ရှင့်​ဘေးမှာ..ရှိ​နေရတဲ့..အသင့်ရဲ့​နေရာကို..အသင်​
​ခေါင်းစဉ်​ရှာမရလို့...ကိုယ့်ကိုကိုယ်​မ​ကျေမနပ်​
ဖြစ်​မိတာပါ..."

​နေ..သူမ​ပြောတာကိုနား​ထောင်​ပြီး..​ကော်​ဖီခွက်ကို
စားပွဲ​ပေါ်ပြန်​တင်​လိုက်​သည်​။

"ကိုယ့်ရဲ့မိန်းက​လေးလို့..ကိုယ်​ကိုယ်​တိုင်​သတ်​မှတ်​
​ပေးထားခဲ့တဲ့..မင်းရဲ့​နေရာက..မင်းအ​တွက်​..
လုံ​လောက်​တဲ့​ခေါင်းစဉ်​တစ်​ခုမဟုတ်​ဘူး​ပေါ့..."

စေတန်ရဲ့သတို့သမီးTahanan ng mga kuwento. Tumuklas ngayon