part.21(uni&zawgyi)

Start from the beginning
                                    

"သူငယ်​ချင်းတစ်​​ယောက်​​ယောက်​နဲ့များလိုက်​သွား
တာဖြစ်​လိမ့်မယ်​..."

ဇ,ကရိုးရိုးပင်​​တွေးသည်​။​နေက​တော့..စိတ်​ထဲမှာ
မတင်​မကျနှင့်တထင့်ထင့်ဖြစ်​​နေသည်​။

"ငါ..ဘာလို့ဒီထဲမှာ..သူရှိ​နေ​တယ်​လို့ထင်​​နေရတာလဲ.."

​မှောင်​မဲ​နေသည့်..ဂျာနယ်​တိုက်​အ​ဆောက်​အဦး
ကြီးကိုကြည့်ကာ..​နေခပ်​တိုးတိုး​ရေရွတ်​လိုက်​သည်​။

"ဗျာ..bossဘာ​ပြောလိုက်​တာလဲ..."

"ဘာမှမဟုတ်​ဘူး..သွားကြရ​အောင်​..."

"ဟုတ်​ကဲ့..."

​နေကားထဲဝင်​ထိုင်​လိုက်​​တော့..ဇ,က​မောင်းသူ
​နေရာတွင်​ဝင်​ထိုင်​ရင်း...

"သိပ်​လဲစိတ်​မပူပါနဲ့...မမ​လေးက..က​လေးမှ..
မဟုတ်​တာ..စက်​ပိတ်​​ထားတယ်​ဆိုတာလဲ..ဖုန်း
အား​ကုန်​​နေလို့ဖြစ်​မှာပါ..."

ပူပန်​စိတ်​နှင့်..မကြည်​မလင်​ဖြစ်​​နေတဲ့..bossရဲ့
မျက်​နှာကိုကြည့်ပြီး..ဇ,လျှာရှည်​လိုက်​မိလျှင်​
bossကဖျပ်​ခနဲမျက်​လွှာပင့်ကာ..ခပ်​စူးစူးကြည့်
လိုက်​​တော့..​နောက်​ကြည့်မှန်​ထဲက​နေbossကို
ကြည့်​နေတဲ့ဇ,ချက်​ချင်းစတီယာရင်​ဆီအကြည့်​ရွေ့
သွားရကာ...

"ကားထွက်​ပါ​တော့မယ်​..boss..."

ကား​​ထွက်​သွားသည်​နှင့်..​နေ..ကားကူရှင်​ကို..
ခပ်​​လျော့​လျော့မှီကာ..မျက်​ဝန်း​တွေကိုမှိတ်​ထားလိုက်​
မိရင်း...

"မင်း..ဘာ​တွေလုပ်​​နေတာလဲ အသင်္ချေ...."

💜💜💜💜💜
"ကယ်​ကြပါဦး..အသင့်ကိုတံခါးဖွင့်​ပေးပါ..."

တံခါးကို​ခေါင်းနှင့်မှီရင်း..ထိုင်​ချထားတဲ့..အသင့်ရဲ့
လက်​​တွေက..တံခါးကိုထုနေ​ပေမဲ့..အား​လျော့
​နေသည်​။​မှောင်​မဲ​နေတဲ့..ဒီ​နေရာမှာ..အသင်​..
အသက်​ပင်​ဝ​အောင်​ရူလို့မရ..လူတစ်​ကိုယ်​လုံးလဲ
​ချွေး​တွေရွဲနစ်​​နေကာ..မူး​ဝေ​ဝေဖြစ်​​နေရသည်​။

"ကိုကို...."

ခဏ...ခဏ..ပိတ်​ပိတ်​ကျသွားတဲ့မျက်​ဝန်း​တွေနှင့်
လူကသတိမလွတ်​​အောင်​ကြိုးစားအားတင်း​နေရသည်​။

စေတန်ရဲ့သတို့သမီး ( Completed )Where stories live. Discover now