"ညစာကထားပါဦး ဦးလေးပြောချင်တာရှိတယ်"
"ပြောလေ ဦးလေး"
ချန်းယောလ်က ဟင်းပန်ကန်ကို စားပွဲပေါ်တင်ပြီး ဦးလေးဂျွန်နဲ့ မျက်နှာချင်းဆိုင်ထိုင်လိုက်သည်။
"ကလေးလေးကို ဆေးခန်းပြဖို့လိုမယ်ထင်တယ်
ပြီးတော့...ဦးလေးက ချန်းယောလ်နဲ့ ကလေးလေး စိတ်ကို နားလည်ပေမဲ့
ကလေးလေးကို သူ့အိမ်ဆီပြန်ပို့ဖို့ လိုသေးတယ်ဆိုတာ မမေ့နဲ့ ချန်းယောလ်
မင်း ရဲစခန်းတွေကို တစ်ခေါက်ထပ်သွားသင့်တယ်"
ချန်းယောလ် လေးလေးပင်ပင်နဲ့ပဲ ခေါင်းငြိမ့်ပြလိုက်သည်။ သူတမင်တကာ မေ့ထားချင်သည့်အရာကို ဦးလေးဂျွန်က သတိပေးလာခြင်းဖြစ်သည်။ ကလေးလေးကို မနက်ဖြန် ရာသီဥတုကောင်းရင်တော့ မြို့ဆေးခန်းခေါ်သွားပေးပြီး ရဲစခန်းတွေကိုလည်း တစ်ခေါက်သွားကြည့်ပါဦးမည်။ သူ ဘယ်လောက်ပဲချစ်ချစ် ကလေးလေးရဲ့ မိသားစုတွေအတွက် သူတစ်ကိုယ်ကောင်းဆန်နေလို့ဘယ်ဖြစ်ပါ့မလဲလေ။
💓
ကြာသွားတာ သိပါတယ် 😔
ကိုယ်တိုင်လည်း မြန်မြန် up ပေးပြီး မြန်မြန် အဆုံးသတ်ချင်တာပါ။ အခက်အခဲတစ်ချို့ရှိနေလို့ပါနော်။ စိတ်မဆိုးနဲ့ မွချိ 😚
(Zawgyi)
ကလေးလေးရဲ့ လက်ဖောင်းဖောင်းလေးပေါ်က အပ်ပေါက်ရာလေးကို ချန်းယောလ်နှုတ်ခမ်းနဲ့ ထိကပ်နမ်းလိုက်သည်။ ကလေးကို ဆေးရုံပို့ဖို့ အဆင်မပြေသောကြောင့် မြို့က ဆေးမှူးကိုပင့်ကာ ကလေးကို ကြည့်ပေးဖို့ အကူအညီတောင်းရသည်။ ဆေးမှူးက ခေါင်းကိုက်တာ သက်သာဖို့ ဆေးထိုးပေးသွားပြီး ကလေးကို အနားယူစေဖို့နဲ့ သက်သာလာလျှင် ဆေးရုံပြဖို့ တိုက်တွန်းကာ ပြန်သွားသည်။ အိမ်ပြန်ရောက်ကတည်းက အိပ်နေတဲ့ကလေးလေးက ညနက်တဲ့အထိ နိုးမလာဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နေတုန်းဖြစ်သည်။ အဖျားမရှိတာမို့ ထိုးဆေးအရှိန်နဲ့အိပ်ပျော်နေတာမှန်းသိသော်လည်း ချန်းယောလ်ကတော့ ကလေးလေးကို စိတ်ပူကာ တော်တော်နဲ့ အိပ်မပျော်ခဲ့ပေ။
"ကိုကို ကိုကို"
ကလေးလေးရဲ့ ခေါ်သံကြားမှ ချန်းယောလ် နိုးလာခဲ့သည်။
YOU ARE READING
Red String of FATE
FanfictionRed String လေးနဲ့ ဆက်သွယ်ထားတဲ့ လူနှစ်ယောက်က ဘယ်လောက်ပဲဝေးဝေး တစ်ဦးနဲ့တစ်ဦး နီးဖို့ အကြောင်း ဖန်လာတာပဲတဲ့ ❣️ Park Chanyeol X Doh Kyungsoo Zawgyi+Unicode
Part 20
Start from the beginning
