"ခဏပဲဆော့နော်...
နေစောင်းရင် လေအေးတွေ တိုက်လာမှာ"

"အင်း ခဏလေးပဲ"

အလိုလိုက်ခံရတာနဲ့ ကလေးလေးနှုတ်ခမ်းက သူ့ပါးပေါ် လျှပ်တစ်ပြက်ထိကပ်လိုက်ပြီး ရေတံခွန်ဘက်ပြန်ပြေးထွက်သွားသည်။
သူကတော့ မြင်သွားတဲ့ ခြံဝန်ထမ်းတွေကို မျက်နှာပူပူနဲ့ပဲ ရယ်ပြလိုက်ရသည်။
ဒီကလေးလေးနဲ့တော့ ခက်တော့တာပါပဲ။

ရေတံခွန်ခရီးစဉ်လေးကနေ ညနေစောင်းမှ သူတို့ပြန်ခဲ့ကြသည်။ ဝန်ထမ်းအားလုံးကို နီးစပ်ရာပို့ပေးပြီးမှ ချန်းယောလ်နဲ့ကလေးလေးကို နောက်ဆုံးလိုက်ပို့စေသည်။ ကားပြန်ထွက်သွားတာနဲ့ ကလေးလေးက ချန်းယောလ်လက်မောင်းကိုတွဲကာ ပခုံးကိုမှီချလာသည်။

"အိပ်ချင်နေပြီ ကိုကို"

"ခြေလက်သေချာဆေးပြီး အဝတ်လဲဦး"

"ကိုကိုလုပ်ပေး"

လှေကားတက်ဖို့တောင် ပျင်းတွဲတွဲလုပ်နေတဲ့ ကလေးလေးကို ပွေ့ချီကာ အိမ်ပေါ်တက်ခဲ့သည်။ တစ်နေကုန် စားလိုက် ဆော့လိုက် ကောင်လေးကတော့ မျက်လုံးပင်မပွင့်ချင်တော့။ သူပဲ ခြေလက်ဆေး အဝတ်လဲပေးပြီး အိပ်ယာပေါ် သေချာ အိပ်စေလိုက်သည်။ညနေစောင်းနေပြီဖြစ်သောကြောင့် ခေါင်းရင်းက ပြတင်းပေါက်ကိုလည်း ပိတ်လိုက်သည်။

ကောင်းကင်က အနည်းငယ် ရဲချင်နေသောကြောင့် ဒီည မိုးမရွာရင်တောင်  လေတိုက်မည့်ပုံပေါ်သည်။ ကလေးလေး အိပ်ပျော်သွားပြီးမှ ချန်းယောလ်ရေချိုးရပြီး ညစာပြင်နေတုန်း ဦးလေးဂျွန်က အိမ်ကိုရောက်လာသည်။

"ဒီည လေတိုက်မယ်တဲ့ ချန်းယောလ်..."

"ထင်တော့ထင်သားပဲ ကောင်းကင်က တအားနီနေတာ"

"ညအတွက် မီးတွေဘာတွေ လိုတာ ပြင်ထားလို့ရအောင် လာပြောတာ
ကလေးလေးရော..."

"တစ်နေကုန်ဆော့လာတာ ပင်ပန်းလို့အိပ်ပျော်နေပြီ
ဦးလေး ညစာစားပြီးပြီလား မစားရသေးရင် တူတူစားမယ်လေ"

ချန်းယောလ်က ညစာအတွက် ဟင်းကို ပန်းကန်ထဲထည့်နေရင်း ဦးလေးဂျွန်ကိုလှမ်းပြောလိုက်သည်။

Red String of FATEWhere stories live. Discover now