ရေတံခွန်က လိမ္မော်ခြံနှင့် သိပ်မဝေးသည့်နေရာတွင်ရှိသောကြောင့် တစ်နှစ်တစ်ကြိမ်တော့ ခြံလုပ်သားတွေကို ပို့ပေးနေကျဖြစ်သည်။ ဒီနှစ်တော့ အရင်နှစ်နှင့်မတူ သူ့ကလေးလေးပါ ပါလာခဲ့သည်။

ရေတံခွန်နှင့် အနီးအနားတွင် ကားရပ်ခဲ့ပြီး ရေတံခွန်သို့ရောက်ရန် လမ်းလျှောက်ဝင်ရသည်။ ရေတံခွန်က အတွင်းဘက်ဆင်းရသောကြောင့် မြေမြင့်ပြီး အရိပ်ကောင်းသည့်နေရာတွင် ထိုင်နားရန်နှင့် အစားအသောက်စားရန် ခင်းကျင်းပြင်ဆင်သူကတစ်ဖွဲ့၊
ရောက်တာနဲ့ ရေဆော့တဲ့ ကလေးလေးလို အဆော့မက်သူတွေကတစ်ဖွဲ့ ဖြစ်သွားသည်။
ကလေးကို စိတ်မချတဲ့ ချန်းယောလ်ကတော့ အုပ်ထိန်းသူကြီးလို နောက်ကနေ တကောက်ကောက်လိုက်နေရသည်။

သက်တူရွယ်တူ ဂျွန်ဟီးတို့လို ခြံလုပ်သားငယ်လေးတွေနှင့် စလိုက် နောက်လိုက် ပျော်နေတော့လည်း ချန်းယောလ်က ခပ်ဝေးဝေးကနေပဲ ငေးနေဖြစ်တော့သည်။ ကလေးပျော်နေတာ ဘယ်လောက်ချစ်စရာကောင်းလိုက်လဲ။

နေ့ခင်းရောက်သည်အထိ သူ့ကလေးလေးက ရေဆော့လို့ကောင်းနေတုန်းပဲမို့ အတင်းခေါ်ပြီး နေ့လည်စာကျွေးရသည်။ ရေစိုနေတဲ့ ခန္ဓာကိုယ်ကို ပုဝါအကြီးကြီးနဲ့ ခြုံပေးထားပြီး ဆံပင်တွေကိုတော့ ရေခြောက်အောင် သေချာသုတ်ပေးရသည်။ ကလေးကနေကောင်းထားတာမှ မကြာသေးဘူး ပြန်ဖျားမှာ သူစိုးရိမ်သည်။ ကလေးလေးနဲ့ပတ်သက်ပြီး သူကိုယ်တိုင်တောင်နေ့လည်စာမစားဖြစ်အောင် အလုပ်များနေတဲ့ ခြံဦးစီးကို ခြံလုပ်သားများကလည်း ပြုံးစိစိနှင့် ကြည့်နေကြသည်။ ရယ်ချင်နေသော်လည်း မသိချင်ယောင်ဆောင်နေရသည့်ပုံစံမျိုးဖြစ်သည်။

သူတို့ခြံဦးစီးက သူငယ်ချင်း မမလှလှလေးလာလည်တုန်းကတောင် ပုံမှန်ပဲနေပေမဲ့ ဒီကလေးလေးကိုကျ မျက်စိအောက်က အပျောက်မခံ သည်းနေတော့တာဖြစ်သည်။

"ကိုကို စားပြီးရင် ထပ်ဆော့ဦးမယ်"

"ဖျားမယ် ကလေးလေးရဲ့"

"ဆော့ချင်သေးတာကို..."

ချက်ချင်းပဲ နှုတ်ခမ်းလေး ဆူထွက်လာတော့ ချန်းယောလ်က အသည်းတယား နှုတ်ခမ်းလေးကို လက်နဲ့ဖိလိုက်သည်။

Red String of FATEWhere stories live. Discover now