"အင်း ကိုကိုလည်း အိမ်မှာပဲနေမယ်"
လက်မောင်းကို မှီပြီးလာချွဲနေသည့် ကလေးလေးရဲ့ ခေါင်းလုံးလုံးလေးကို ဖွဖွလေး နမ်းရှိုက်လိုက်သည်။ ကလေးကတော့ သူ့အနမ်းကို သဘောတကျ ရယ်မောနေသော်လည်း သူ့ရင်ထဲတွင် ပူလောင်လို့နေသည်။ အခုတလော ကလေးနဲ့ဝေးရတော့မလိုခံစားချက်ကြီးတွေ မကြာခဏ ခံစားမိနေတာ ဘာကြောင့်ရယ်မသိ။
💓
ချန်းယောလ် နေ့လည်စာစားထားသည့် ပန်းကန်တွေကို ဆေးကြောပြီး အိမ်ရှေ့ထွက်လာတော့ ကလေးလေးက အိမ်ရှေ့မှာမရှိ။
အိပ်ခန်းထဲ ပြန်ဝင်ကြည့်တော့မှ ဘီရိုနားမှာ ထိုင်ကာ သေတ္တာအပြာလေးနဲ့ အလုပ်ရှုပ်နေသော ကလေးလေးကိုတွေ့ရသည်။
"ကလေးလေး ဘာတွေလုပ်နေတာလဲ"
"ကိုကိုလုပ်ပေးထားတဲ့ ပန်းလေးကို ဒီထဲထည့်သိမ်းနေတာ"
"ပန်းတွေက ခြောက်နေပြီလေ"
"ဒါပေမဲ့ လှတယ် ဒါပဲကြိုက်တယ်"
ကလေးလေးက သူလုပ်ပေးထားသည့် flower crown လေးကို သူ့ရဲ့ကိုယ်ပိုင် သေတ္တာလေးထဲထည့်ကာ သေချာပြန်ပိတ်လိုက်သည်။ ထို့နောက် မတ်တပ်ထရပ်ပြီး ချန်းယောလ်ကိုလည်း လက်ကနေ ဆွဲထူသည်။
"ကိုကို အိမ်ပြင်ထွက်ထိုင်မယ်"
"ပြီးရင် ကမ်းခြေသွားမယ်လို့မပူဆာရဘူးနော်"
"ကိုကိုကလည်း
ကလေးလေးက ပျင်းတယ်"
"ကလေးလေး နေကောင်းသွားရင် ခြံထဲက ဝန်ထမ်းတွေနဲ့အတူတူ ရေတံခွန်ကိုလိုက်ပို့မယ်"
"တကယ်..တကယ်နော်"
"တကယ်ပေါ့ အရင်လို အားပြန်ပြည့်လာအောင်လုပ်"
"ရေး...ဒါမှ ကလေးလေးရဲ့ ကိုကို"
ချန်းယောလ်ကို အတင်းဖက်ပြီး ပါးပေါ်ကို တမွမွကျရောက်လာသည့် အနမ်းတွေ။
ကလေးအနမ်းတွေက ကိုယ့်ရဲ့ စိုးရိမ်ပူပန်မှုတွေကို တကယ်ပြေပျောက်စေတဲ့ဆေးပဲ။
ကလေးက ကိုကို့ရဲ့ အေးချမ်းရာလေး။
💓
စိုက်ပျိုးခြံမှာ ပစ္စည်းပို့ဖို့သုံးတဲ့ ထရပ်ကားအမြင့်ပေါ်တွင် ခြံလုပ်သားများနှင့်အတူ ချန်းယောလ်နှင့် ချစ်ရသော ကလေးလေးပါ အတူတူလိုက်ပါလာသည်။ ကားခေါင်းခန်းတွင် ကားမောင်းသူနှင့် ဘေးက အသက်ကြီးသည့် ခြံလုပ်သား ဦးကြီးနှစ်ယောက်ကို ထိုင်စေပြီး ချန်းယောလ်နှင့် ကလေးလေးကတော့ အနောက်တွင်သာ လွတ်လွတ်လပ်လပ် ထိုင်ပြီး လိုက်ပါခဲ့သည်။ အပျော်မက်တဲ့ကလေးလေးကတော့ လမ်းတစ်လျှောက်လုံး ခြံလုပ်သားတွေနှင့် စလိုက် နောက်လိုက် ပျော်ပါးလို့နေသည်။
YOU ARE READING
Red String of FATE
FanfictionRed String လေးနဲ့ ဆက်သွယ်ထားတဲ့ လူနှစ်ယောက်က ဘယ်လောက်ပဲဝေးဝေး တစ်ဦးနဲ့တစ်ဦး နီးဖို့ အကြောင်း ဖန်လာတာပဲတဲ့ ❣️ Park Chanyeol X Doh Kyungsoo Zawgyi+Unicode
Part 20
Start from the beginning
