Extra- 9 (အကယ်၍)

Start from the beginning
                                    

နောက်ဆုံးတော့ ရှီယွင်နန် တွန့်ဆုတ်နေတာကနေ ဝမ်ရိပေ လက်လေးကို ပြန်ဆုပ်ကိုင်လိုက်သည်။ "ကော အထဲဝင်ကြတာပေါ့၊ ကျွန်တော်လည်း ဒီတိုင်း ထွက်သွားဖို့ မစဉ်းစားထားပါဘူး။"

ဝမ်ရိပေ ခေါင်းညိတ်ပြလိုက်ပြီး အထဲဝင်သွားလိုက်ကြသည်။

အခန်းထဲရှိ လူအိုကြီးမှာ အောက်ဆီဂျင်တပ်ထားရဆဲဖြစ်သော်ငြား သူ့အမြင်မှာတော့ ကြည်လင်ပြတ်သားနေ၏။

သူဟာ ညီအစ်ကိုနှစ်ယောက်၏ ပုံရိပ်ကို သတိထားမိသွားပြီး တိုးညှင်းစွာ ခေါ်လာသည်။ "ရိပေ၊ ယွင်နန် ဒီကိုလာပါဦး...အဘိုးအနားကို တိုးလာပါဦး"

ထိုစကားကို ကြားသည့်အခါ ခုတင်ဘေးတွင်ရပ်နေသည့် စုန့်ကျစ်ချိုးတစ်ယောက် မကျေမနပ် နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်၏။ သူမက ရှီယွင်နန်အား အကြည့်ဖြင့် မသိမသာ သတိပေးနေလေသည်။

ရှီယွင်နန်ကတော့ သူမ၏ အကြည့်အား လျစ်လျူရှုကာ သူ့အဘိုးအနား တိုးသွားလိုက်သည်။ "အဘိုး ဘယ်လိုနေသေးလဲ?"

လူအိုကြီးက ရှီယွင်နန်အား ကိုင်ရန် ဆေးသွင်းထားသည့် လက်ကို မြှောက်ကာ လှမ်းလာ၏။

"အဘိုး အဆင်ပြေပါတယ်"

"အဘိုး ကျွန်တော် မှားမှန်း သိပါပြီ။" ရှီယွင်နန်က လူအိုကြီးရဲ့ နွေးနွေးထွေးထွေး လက်ချောင်းလေးတွေကို အရင်ဆုပ်ကိုင်လိုက်သည်။ "အဲ့နေ့တုန်းက အဘိုးရှေ့မှာ ဝမ်ချန်းလန်နဲ့ မငြင်းခုံခဲ့သင့်ဘူး..."

သူ့ အနောက်မှာရှိတဲ့ စုန့်ကျစ်ချိူးတစ်ယောက် ထိုစကားကြားသည့်အခါ ရှီယွင်နန်က အပြစ်တွေအာလုံးကိုသူတစ်ယောက်တည်း သိမ်းကြုံးခံယူမယ်ဟု ထင်ထားသော်လည်း ရှီယွင်နန် ဆက်ပြောလာသည့် စကားကို သူမ ကြားလိုက်ရသည်။

"အဘိုးကို ဘယ်သူတွန်းချလိုက်လဲဆိုတာ မှတ်မိသေးလား?"

"..."

လူအိုကြီးဝမ်၏ မျက်လုံးများမှာ ခဏတာ ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားပြီး၊ သူက ပြောဖို့ကို တွန့်ဆုတ်နေသကဲ့သို့ ပါးစပ်ကို အားနည်းစွာ ဟလာသည်။

ရှီယွင်နန်က လူအိုကြီးဝမ်၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ခံစားခဲ့ရသည့် မကျေမနပ် ဒေါသတွေဟာ တဖန် ပြန်ပေါက်ဖွားလာတော့သည်။ "အဘိုး အဘိုးရဲ့ ကျန်းမာရေးကသာ အရေးကြီးဆုံးဆိုတာ ကျွန်တော် သိပါတယ်။ လက်ဖမိုးကော လက်ဖဝါးကောက အသားပါပဲ။" (နှစ်ခုစလုံးက ညီတူညီမျှ အရေးကြီး/အရေးပါသည်)

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now