Extra- 9 (အကယ်၍)

Start from the beginning
                                    

ဆန့်ကျင်ဘက်အနေဖြင့် တရားခံ အစစ် ဝမ်ချန်းချန်မှာတော့ မတော်တဆဖြစ်ပြီးကတည်းက ပုန်းအောင်းကာ ပျောက်နေခဲ့လေသည်။

ဆေးရုံထဲကလူတွေ သူတို့အသံကို ကြားသွားမှာ စိုးရိပ်တာကြောင့် ဝမ်ရိပေ အသက်ပြင်းပြင်းရှူကာ ရှီယွင်နန် အနားတိုးသွားလိုက်သည်။ "မင်းဒီလိုပဲ နိုင်ငံခြား ပြန်သွားပြီး ပြန်မလာတော့ဘဲ နေမလို့လား?

"ယွင်နန် ငါက မင်းအစ်ကိုပါ၊ မင်းဘာတွေးနေလဲ ငါသိတာပေါ့။"

"ငါ ငယ်ငယ်လေးကတည်းက ဝမ်အိမ်တော်မှာ နေခဲ့တာပါ။ သေချာပေါက် မိသားစုထဲက လူတချို့ကတော့ ငါ့အပေါ် အမြင်မကြည်ဖြစ်နေမှာပဲ။ မင်း အလျော့ပေးလိုက်လို့လည်း သူတို့က ငါ့အပေါ် ပိုကောင်းကောင်း ဆက်ဆံပေးမှာ မဟုတ်ဘူး။ ငယ်ငယ်တုန်းက မင်းငါ့အတွက် တစ်ခါအလျော့ပေးခဲ့ပြီးပြီလေ။ အခုမင်းအဲ့လို အလျော့ပေးတာမျိုး ငါလက်မခံနိုင်ဘူး"

"မင်းထွက်သွားမယ်ဆိုရင်..." ဝမ်ရိပေ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချထားပြီးပြီဖြစ်၏။

"ကောင်းပြီ ငါလည်း မင်းနဲ့လိုက်မယ်။"

ဘယ်လိုပဲဖြစ်ဖြစ် သူတို့နှစ်ယောက်လုံး လူကြီးတွေဖြစ်နေပြီမို့ ဝမ်မိသားစုမရှိဘဲ မနေနိုင်တာမျိုးတော့ မဟုတ်ပေ။

သူလူအိုကြီးဝမ်အပေါ် အကြွေးတင်ထားတာတွေကိုတော့ နောက်မှ သေချာပေါက် ပြန်ဆပ်ဖို့ အခွင့်အရေး ရှာရလေမည်။ သို့သော်လည်း သူ့ညီလေး တခြားလူအစား မတရား အပြစ်ပုံချခံရပြီး ထွက်သွားတာမျိုးကိုတော့ သူသည်းမခံနိုင်!!

သူတို့ မလုပ်ခဲ့တဲ့ကိစ္စအတွက် ဘယ်တော့မှ ဝန်ခံမှာ မဟုတ်ဘူး။

"ကော..." ရှီယွင်နန် ဝမ်ရိပေ၏ စရိုက်ကို ကောင်းကောင်း သိသည်။

သူဟာ ပုံမှန်ဆို အခြားသူများအပေါ် နူးညံ့ကြင်နာတတ်သော်လည်း တစ်ခုခုကို ဆုံးဖြတ်ချက်ချပြီဆိုပါက တခြားသူတွေ သူ့အား နွားဆယ်ကောင်နှင့် ပြန်ဆွဲခေါ်ရင်တောင် ဆွဲမခေါ်နိုင်ပါချေ။

ရုတ်တရက် အခန်းထဲမှ ဝမ်ယန်ဖုန်း၏ အသံကို ကြားလိုက်ရသည်။ "ရိပေ၊ ယွင်နန် ဝင်လာလို့ရပြီ။"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now