'ဘယ်တော့ပြန်လာမယ်ပြောလဲဟင်'

'အလုပ်တွေမပြီးသေးတော့နဲနဲကြာဦးမယ်တဲ့'

'ကြိုးကိုအဆက်သွယ်လေးတောင်မလုပ်ဘူး'

'သူတကယ်မအားလို့နေမှာပါကြိုးရယ် '

သစ်ပင်များအုပ်ဆိုင်းနေတဲ့ခြံကျယ်ကြီးအလယ်က
အိမ်ကြီးရဲ့ဝရံတာမှာ ဆေးလိပ်တစ်လိပ်ဖွာရင်းမက်တပ်ရပ်နေတဲ့အမျိုးသမီးတစ်ဦး တစ်ခြားသူမဟုတ် မြတ်ပင်

'မြတ်

'မအိပ်သေးဘူးလား မေမေ'

မြတ်က shopping mallတွေ ပိုးထည်တိုက်တွေပိုင်တယ်ဆိုပေမဲ့ အဲ့အရာတွေက မြတ်ရဲ့အဓိကလုပ်ငန်းမဟုတ် မြတ်ရဲ့မျက်နှာဖုံးအနေနဲ့ထားသောလုပ်ငန်းတွေပင် မြတ်အဓိကလုပ်ငန်းက မူးယစ်ဆေးလုပ်ငန်းပင် ကိုယ်တိုင်စိုက်ပြီးထုတ်လုပ်တယ် ဒီတစ်ခေါက် သီရိမြိုင်ကနေထွက်လာပြီးဒီကိုရောက်လာခြင်းက ထုတ်ပိုးချိန်ရောက်လို့ဖြစ်တယ်

'ပြင်ဦးလွင်လမ်းကြောင်းတွေလွှဲယူတာအဆင်ပြေလား'

'ပြေတယ်မေမေ ဖောက်သည်အသစ်တွေ သက်ဆိုင်ရာဘက်ကလူတွေကိုနဲနဲပိုက်ဆံပေးရပေမဲ့ သိပ်တော့မများပါဘူး ပြင်ဦးလွင်ဘက်ကအများကြီးပြန်ရတယ်လေ'

ဆေးလိပ်ကိုနောက်တစ်ခါထပ်ဖွာလိုက်ကာ သက်ပြင်းနဲ့အတူဆေးလိပ်ငွေ့တွေကိုမှုတ်ထုတ်လိုက်မိတယ်

'မေမေ့ကိုပြောစရာများရှိသလားမြတ်'

မြတ် ပြုံးမိပါတယ် မြတ်ဘာဖြစ်ချင်လဲအမြဲသိနေတဲ့မေမေပင်

'မြတ် ဒီအလုပ်တွေနားချင်ပြီ မေမေ'

'ဘာလို့လဲမြတ်'

'မြတ် စိတ်မသန့်ဘူး မေမေ ကျန်ခဲ့တဲ့လက ကြိုးဆေးခပ်ခံရတယ် ဦးခွန်းသရဲ့သားခပ်တာ သူတို့ဆီကဆေးတွေက မြတ်ဆီကထွက်တာလေ မြတ်ရဲ့ဆေးတွေနဲ့ ကြိုးဆေးခပ်ခံရတာ '

'မြတ်'

'ပြောမေမေ'

'ကြိုးလေးကိုသမီးချစ်နေတာမလား 528နဲ့မဟုတ်ပဲ 1500နဲ့မလား'

'တို့အမေကတော့အကုန်သိနေတာပဲနော်'

'အခုမှမဟုတ်ဘူး သမီး သမီးဘာတွေလုပ်ခဲ့လဲ မေမေအကုန်သိတယ် သမီးမပြောပြချင်တဲ့ကိစ္စတွေရောပေါ့
မေမေကကိစ္စမရှိပေမဲ့ ကြိုးလေးသိသွားရင် '

သီရိမြိုင်حيث تعيش القصص. اكتشف الآن