"သူပျောက်နေပါတယ်လို့ဘယ်နှစ်ခါပြောရမလဲ"

"ငါတို့မှာမင်းရဲ့ပါးစပ်ကနေထွက်လာဖို့နှိပ်စက်နည်းတွေအများကြီးရှိသေးတယ်"

ဤကျပ်မပြည့်လူများအားဆက်၍မပြောချင်တော့ပါ။
ဆယ်ကြိမ်ဆယ်ခါမကငြင်းပြီးသည့်တိုင်အောင်သူတို့ဘက်ကအတင်းဘူးသီးအားဖရုံသီးဟုပြောနေလေသည်။ကြိုးဖြင့်ချည်ထားခံရသောလက်ကိုအသာလှုပ်ကြည့်တော့အနည်းငယ်ပြေလျော့နေသည်ကိုခံစားလိုက်ရသည်။

အချိန်အလစ်အငိုက်သာရလျှင်ထိုလူတွေလက်ကသူလွတ်နိုင်မည်။
ခဏတာသောသတိလွတ်မှုလေးကသူ့ကိုဒီအခြေအနေအထိသက်ရောက်သွားစေလိမ့်မယ်လို့ဝီလီယမ်မထင်ခဲ့ပါ။ မည်သို့ပင်ဖြစ်စေယခုတွင်မူသတိလက်လွတ်ဖြစ်ခြင်း၏အကျိုးအားမျက်ဝါးထင်ထင်တွေ့မြင်လိုက်ရပြီးဖြစ်သည်။

ကြမ်းပြင်ပေါ်မှာဒူးထောက်လျက်ရှိသောဝီလီယမ်အားပုခုံးကတစ်ယောက်ကဖမ်းဆွဲလို့ထားသည်။
ကျန်လူနှစ်ယောက်မှာမူမနီးမဝေးသို့သွားကာခပ်ကြိတ်ကြိတ်စကားပြောနေကြလေသည်။

"သူလုံးဝမဖြေဘူး ဘယ်လိုလုပ်ကြမလဲ
ဝီလီယမ်အကြောင်းမင်းမသိတာလည်းမဟုတ်ဘူး"

"သူ့ကိုရအောင်မေးမှရမှာ"

"မဟုတ်ရင်ငါတို့အသတ်ခံရလိမ့်မယ်"

ထိုလူများမှာဝီလီယမ်မှအဖြေထွက်မလာမည်ကိုစိုးရိမ်နေသည့်အလားတရွရြွဖစ်နေသည်။
လူကသာဘာဘာညာညာခြိမ်းခြောက်နေပေမယ့်ဤလောကတွင်လုပ်သက်ငယ်ကြောင်းကိုမျက်စိတစ်မှိတ်အတွင်းမှာတွင်သိနိုင်သည်။
ဝီလီယမ်သည်ဒီအချိန်တွင်သူ၏လက်နှစ်ဖက်သာအားလျှင်နှဖူးကိုတစ်ချက်ပိတ်ရိုက်မိမှာဖြစ်သည်။ထိုကဲ့သို့လူတွေလက်ထဲကျရောက်မိသွားတဲ့ကိုယ့်ကိုယ်ကိုယ်ကိုလည်းမယုံနိုင်တော့ပေ။

လောလောဆယ်တွင်သူသည်လွတ်မြောက်နိုင်မည့်အစီအစဉ်အားခေါင်းထဲတွင်ဆွဲလို့နေပေသည်။
လက်ကကြိုးကလည်းတဖြည်းဖြည်းလျော့ရဲစပြုလာကာအနည်းငယ်ချောင်လို့လာသည်။

နောက်ကနေဖမ်းချုပ်ထားသည့်လူအားဦးခေါင်းဖြင့်နောက်ပြန်တိုက်ချလိုက်ကာလွတ်လပ်နေသောတံတောင်ဆစ်ဖြင့်တိုက်ချလိုက်သည်။
ထိုလူသည်လဲကျသွားကာဝရုန်းသုန်းကားလည်းဖြစ်သွားသောကြောင့်အစောပိုင်းကစကားများနေသောလူနှစ်ယောက်သည်သူ့ဘက်ကိုလှည့်လာသည်။
မြေပြင်ထက်လဲကျနေသောထိုလူ၏ဦးခေါင်းကိုတစ်ချက်လောက်ကန်ပေးခဲ့ကာကြိုးချည်လျက်သားပင်ပြေးလာသောလူနှစ်ယောက်အားရင်ဆိုင်ရန်ကြံရွယ်လိုက်သည်။

Two Men In One Look (Completed)Donde viven las historias. Descúbrelo ahora