တိုင်းတစ်ပါးသားကိုအိမ်ထောင်ဦးစီးလုပ်ခိုင်းထားတော့ဒီတစ်ချက်တော့ကိုယ်ကအသာချည်းပဲ။

____

"မုန့်ဆိုင်ပိုင်ရှင် ကအရှင့်ကိုအမြဲဒီလိုပဲဆက်ဆံတာလား"

မှာထားတဲ့ cakeကိုသွားချပြီး ပြန်အထွက်မည်အလုပ်အဒေါ်အရွယ်မိန်းမကြီးတစ်ခုကလက်ကိုအတင်းဆွဲကစပ်စုသည်။

"အဲ ဒီလိုပါပဲ"

"အို အရှင်ကသည်းခံတက်တဲ့ယောက်ျားပဲ
အိမ်သူကဒီလောက်သွက်တာကိုမငြိုငြင်ရှာဘူး ဒါပေမယ့် ဘယ်လိုပဲသည်းခံနိုင်နိုင်
ဒါမျိုးကကြာလာရင်ရေရှည်မကောင်းဘူးနော်
အမျိုးသား၂ယောက်ရဲ့ဆက်ဆံရေးမှာဆိုပိုဆိုးလိမ့်မယ်ပေါ့"

တစ်ဖက်စောင်းနင်းစကားတွေကိုခွန်းတုံ့ပြန်ဖို့ကြိုးစားလိုက်ပေမယ့် သူ့မှာပြောစရာဘာမှမရှိ။ချစ်သူရည်းစားဘ၀ကတည်းက အိမ်ထောင်ကျတဲ့ထိ သူ့ပုံစံကခပ်မာမာ
ခပ်ကြောကြောပဲလေ ။အတည်အရှင်ကသူ့ကိုအများကြီးသည်းခံခဲ့ရတာ။

"လာထိုင် ကြီးကြီးတို့ပြောပြမယ်"

ဤမှစ၍ lectureရိုက်တာ ကိတ်မုန့်၂လုံးကုန်မှ ဆိုင်ကထပြီးသူတို့နေထိုင်ရာအရပ်ရပ်ကိုပြန်တော့သည်။ Build နားထဲမှာတော့အငွေ့တွေထွက်လာတော့မည်လို့ခံစားရလောက်တဲ့ထိပူထူလို့။

____

Chocolate chips တွေရောင်းတဲ့လူက အရင်တိုင်းပြည်မှာရင်းနှီးခဲ့ဖူးသူဖြစ်တာကြောင့်
တိုင်းပြည်အခြေအနေအရပ်ရပ်ရော အလာဘ
သလာဘပြောရင်း နေမင်းကြီးက ၀ှစ်ကနဲဝင်သွားတာတောင်မသိလိုက်။ အာချောင်နေမိတာ ခုတော့ တကျီကျီမြည်ချင်နေတဲ့ သစ်သားအိမ်ထဲ အသံမမြည်အောင်ခြေဖွဖွလေးနဲ့နင်းနေရသည်။

"ယောင်္ကျား ပြန်လာတာလား"

ကျွီကနဲမြည်နေတာအိမ်ကြမ်းပြင်ဆိုပေမယ့်
ယောင်တောင်ပေါင်တောင်နဲ့ ပါးစပ်ကိုသာလှမ်းအုပ်လိုက်မိသည်။

"ဟို..ဟို I'm sorry. That'll never happen again. I promise . forgive me please? Please? "

"ဘာမှမဖြစ်ပါဘူး ထားလိုက်ပါ ဒီနားလာခဲ့အုန်း "

သူ့ကိုမဆူတဲ့အပြင် ခွေခွေလေးလှဲနေတဲ့
ခပ်အိအိအိပ်ယာနဘေးကိုလက်လေးနဲ့ပုတ်ပြလာတာကြောင့် Bible  ကခေါင်းလေးကိုကုတ်ကာဘေးနားဝင်လှဲလိုက်သည်။

This is How Mr. English Hunt My Heart(completed) Where stories live. Discover now