"ကလေးလေး ဘာဖြစ်လို့လဲ
ဘယ်နားနာတာလဲ ကိုကို့ကိုပြော"

"ခေါင်းထဲမှာ နေလို့မကောင်းဘူးကိုကို
ရုတ်တရက် တစ်ခုခုနဲ့ ရိုက်လိုက်သလိုပဲ နာသွားတယ်"

"ကိုကိုတို့ ပြန်ကြမယ်နော် ချီသွားပေးမယ်"

ကလေးလေးရဲ့ ကိုယ်လုံး တစ်တစ်လေးကို ဆွေ့ခနဲနေအောင် ပွေ့ချီလိုက်ပြီး ကားပေါ်တင်ပေးလိုက်သည်။ ဂျစ်ကားဆိုတော့ သက်သောင့်သက်သာ သိပ်မရှိသော်လည်း ကလေးနေရအဆင်ပြေအောင် ခေါင်းအောက်မှာ သူ့အင်္ကျီကို ချွတ်ကာ ခုပေးထားလိုက်သည်။

"ကလေး အဆင်ပြေရဲ့လား
ဆေးခန်းသွားမလား"

"ဟင့်အင်း ဆေးသောက်ရမှာကြောက်တယ်"

"ဒါဆို အိမ်ပြန်ကြမယ်နော် အိမ်မှာနားလိုက်ရင် သက်သာသွားမှာ"

မျက်စိများကို မှိတ်ချထားတဲ့ကလေးက ခေါင်းသာ ငြိမ့်ပြနိုင်သည်။ ချန်းယောလ် ကားမောင်းနေရင်း တစ်ယောက်တည်း တွေးကာ ပူပြင်းရပြန်သည်။ ကလေးလေးသာ အတိတ်တွေကို သတိရသွားရင် သူ့ကိုမေ့မသွားလောက်ဘူးမဟုတ်လား။

💓

Hello, နှစ်ရက်လောက်ပျောက်သွားမိတယ်
ဆောတီး

(Zawgyi)

ချန်းယောလ်ရဲ့ အလုပ်သွားသည့် လမ်းခရီးတွင် ကလေးလေး ပါမလာခဲ့။ ချန်းယောလ်နောက် အမြဲလိုက်ချင်နေသည့် ဂျစ်တူးလေးကိုဂ နေကြာခင်းလိုက်ပို့မည်ဆိုသည့် ကတိနှင့် အိမ်မှာချန်ထားခဲ့ရသည်။ စိုက်ခင်းကိစ္စ စာချုပ်ချုပ်ပြီး ငွေအပြတ်ချေရမည့်နေ့မို့ ရှောင်လုဟန်နှင့် ကလေးကို ထပ်မတွေ့စေချင်။ မနက်စောစော ချိန်းထားကြသည်မို့ အလုပ်ကိစ္စပြတ်တာနှင့် ကလေးကို ပြန်ခေါ်ပြီး သူတို့မြို့က တစ်ခုတည်းသော နေကြာခင်းစီ လိုက်ပို့ပေးရမည်။

ချန်းယောလ် ခြံထဲကိုရောက်တော့ ရှောင်လုဟန်နှင့်အတူ သက်သေလုပ်မည့်ရှေ့နေတဈဦး၊ အုပ်ချုပ်ရေးမှူးနှင့် ယူဂျောင်းပါ ရောက်နေပြီဖြစ်သည်။ ဟင်းရွက် ကန်စွန်းဝယ်သလို ရော့ပစ္စည်း ရော့ငွေ လုပ်လို့မရသည့်အတွက် စကားအရင်ပြောကြရသေးသည်။ ရှောင်လုဟန်က စကားပြောနေပေမဲ့ မျက်လုံးတွေကတော့ တစ်ခြံလုံးကို ဝေ့ကြည့်လို့နေသည်။

Red String of FATEWhere stories live. Discover now