"ကိုကို ရောက်တော့မှာလား"
"အင်း တစ်ကွေ့ပဲ လိုတော့တယ်"
တောင်ကုန်း အနိမ့်လေးတစ်ခုကို ကွေ့ဝိုက်လိုက်ပြီးနောက် သူတို့သွားချင်သည့် နေကြာခင်းလေးဆီရောက်သွားကြသည်။
"နေကြာတွေ လှလိုက်တာ"
ကားပေါက်ကနေ ပြေးဆင်းသွားသည့်ကောင်လေးနောက်ကို ချန်းယောလ်က အပြေးလိုက်ရသည်။ သဘာဝမြေမို့ ခဲတွေ သဲတွေနှင့် ကြမ်းနေသည့်နေရာမှာ ကလေးလဲကျသွားလို့ မဖြစ်ဘူးမလား။ ခြေထောက်ဖြူဖြူလေးတွေ ထိခိုက်မှာကိုတော့ဖြင့် သူမလိုလားပါ။
"ကလေး အရမ်းမပြေးနဲ့"
"ကိုကို လက်ဆွဲ"
သူတို့နှစ်ယောက် လက်လေးတွဲကာ နေကြာခင်းလေးထဲ လျှောက်ရင်း ဓာတ်ပုံရိုက်ဖို့ အလှဆင်ပေးထားသည့် ဒန်းဖြူဖြူလေးနားရောက်လာသည်။ ထိုနေရာလေးကတော့ ဓာတ်ပုံရိုက်ရန် သီးသန့်ပြုပြင်ထားတာမို့ ဘေးဘက်နေရာတွေနဲ့ယှဉ်လျှင် မြေညီပြီး အဆင်ပြေသည်။ ကလေးလေးကို ဓာတ်ပုံလှလှလေးတွေရိုက်ပေးပြီး ပုံများကို တစ်ပုံချင်းပြန်ကြည့်နေမိသည်။ နေကြာပန်းထက်တောင် တောက်ပနေတဲ့ကလေးလေးက သိပ်ကို ချစ်စရာကောင်းနေတော့တာပဲ။
"ကိုကိုလှလား ပုံတွေက လှလား"
"မလှပါဘူး နေကြာခင်းထဲ ဝက်ပေါက်လေးတစ်ကောင် ဝင်နေသလိုပဲ"
ချန်းယောလ်က နောက်ပြီးပြောတော့ ကလေးလေးက သူ့လက်မောင်းတွေကို တရစပ်ထုရိုက်လာသည်။
"နာတယ် ကလေးေလးရဲ့"
ကလေးလေးထုရိုက်တာကို ရှောင်ရင်း သူခပ်ဝေးဝေးကို ပြေးသွားမိသည်။ ကလေးလေးလိုက်လာမယ်ထင်ပေမဲ့ သူ့နောက်ကနေ ပါမလာခဲ့။ ခပ်လှမ်းလှမ်းရောက်မှ သူပြန်လှည့်ကြည့်တော့ နေရာမှာတင်ရပ်နေခဲ့တဲ့ကောင်လေးက ခေါင်းကိုလက်နှစ်ဖက်နဲ့ အုပ်ကိုင်လျက် ငုတ်တုတ်ထိုင်ချလိုက်တာမြင်လိုက်ရသည်။ သူ စိုးရိမ်ပူပန်ခြင်းကြီးစွာ အပြေးပြန်သွားတော့ ကလေးလေးက မျက်စိများကိုပါမှိတ်ထားလျက် နားထင်မှ ချွေးများပါ သီးကျလို့နေသည်။
YOU ARE READING
Red String of FATE
FanfictionRed String လေးနဲ့ ဆက်သွယ်ထားတဲ့ လူနှစ်ယောက်က ဘယ်လောက်ပဲဝေးဝေး တစ်ဦးနဲ့တစ်ဦး နီးဖို့ အကြောင်း ဖန်လာတာပဲတဲ့ ❣️ Park Chanyeol X Doh Kyungsoo Zawgyi+Unicode
Part 19
Start from the beginning
