"ဦးလေးဂျွန်က စားဖို့တော့ပြောပါတယ်
ကလေးလေးက ကိုကို့ကိုစောင့်ဖို့"

"ဒါဆို တစ်ခုခုဝင်စားပြီးမှ သွားရအောင်"

"ရေး....ထမင်းစားရတော့မယ်"

စားဖို့ပြောလိုက်တာနဲ့ လက်ခုပ်တီးပြီး ပျော်နေတဲ့ကောင်လေးက လမ်းဘေးကို တစ်ချိန်လုံးကြည့်ပြီး ဘာစားရမလဲ စဉ်းစားခန်းဝင်နေလေတော့သည်။ ဝက်ကလေးရေ ကိုကိုကတော့ မင်းကို တစ်နေ့ပြီးတစ်နေ့ အချစ်တွေပိုနေရပါလား။

💓

နေကြာခင်းကိုသွားသည့်လမ်းက လမ်းဘေးဆိုင်တစ်ခုမှာ ကလေးလေးကြိုက်သည့် ခေါက်ဆွဲဝင်စားကြသည်။ အငွေ့တထောင်းထောင်း ထ နေသော ခေါက်ဆွဲပန်းကန်ကို သူ့ရှေ့ ချက်ချင်းဆွဲယူလိုက်သောကြောင့် ချန်းယောလ်က လှမ်းတားရသည်။ မတော်တဆ အပူလောင်သွားမှဖြင့်။

"ကိုကို အေးအောင်လုပ်ပေးမယ်"

"ဟင့်အင်း ကလေးလေးစားတတ်တယ်"

"အရမ်းပူမှာလေ"

"နည်းနည်းမှုတ်လိုက်မယ်"

နှုတ်ခမ်းလေးကို ချွန်ကာ ခေါက်ဆွဲကို မှုတ်ပြီး ပါးစပ်သေးသေးလေးထဲ ထည့်ဝါးနေတာ ပလုပ်ပလောင်းနှင့်။ ချန်းယောလ်က သူမှာထားတာကို ကောင်းကောင်း မစားနိုင်ဘဲ တစ်ရှုးနဲ့ရေခွက် အဆင်သင့်ပြင်ကာ ကလေးကို စောင့်ကြည့်နေရသည်။ တစ်ပန်းကန်လုံး ပြောင်အောင်စားပြီးမှ ချန်းယောလ် လက်ထဲက တစ်ရှုးကိုယူကာ သူ့မျက်နှာပေါ်က ချွေးတွေကို သုတ်ပစ်လိုက်သည်။

"ဗိုက်ဝသွားပြီ
ကိုကိုရော ဗိုက်ဝလား"

"ဝသွားပြီ သွားကြမယ်"

ငွေရှင်းပြီးတာနှင့် နေကြာခင်းဆီ ခရီးဆက်ဖြစ်ကြသည်။ နေကြာခင်းက မြို့အစွန်မှာရှိပြီး သဘာဝခင်းမို့ ကျယ်ပြီး လှလည်းလှသည်။ ဒီမြို့မှာနေသူတိုင်းက ထိုနေကြာခင်းကို စီးပွားဖြစ်အရောင်းမလုပ်ဘဲ အလှအပအနေနဲ့သာ သဘာဝအတိုင်းထိန်းသိမ်းထားကြသည်။ ခပ်ဝေးဝေးကနေပင် လှမ်းမြင်နေရသော အဝါရောင် အရိပ်ကလေးတွေကြောင့် ကလေးလေးက ပျော်ရွှင်တက်ကြွလို့လာသည်။

Red String of FATEWhere stories live. Discover now