သူ့ရဲ့ ဆုတောင်းပြည့်ပါ့မလား။ ဒီမြေမှာ ခြံဝယ်လိုက်တာဆိုတော့ နောက်လည်း မကြာခဏ တွေ့ရမည့်ပုံပေါ်သည်။
ကလေးလေးကို ကိုကိုဘယ်နားသွားဖွက်ထားရပါ့မလဲကွာ။

💓
"ကလေးလေး အဆင်သင့်ဖြစ်ရင် ဆင်းခဲ့တော့လေ"

"လာပါပြီခင်ဗျ"

နေကြာခင်းသွားဖို့ ပြင်ဆင်ထားတဲ့ ကလေးလေးက နေကြာပန်းလေးထက်ပင် ပိုလှလို့နေသေးသည်။ အဖြူရောင်တီရှပ်ပေါ်မှာ ရိုးရိုးရှင်းရှင်း ရှပ်အဝါနုလေး ထပ်ဝတ်ထားပြီး ဒူးလောက်ရှိတဲ့ ဂျင်းအတိလေးနှင့်။ သူဝယ်ပေးထားတဲ့ နှီးဦးထုပ်လေးကလည်း မပါမဖြစ်။ လက်ထဲမှာလည်း ကြိမ်ခြင်းတစ်ခြင်းနှင့် အသီးတစ်ချို့ကို ထည့်သယ်လာသေးသည်။

"ကိုကိုနောက်ကျတယ်
ကလေးလေးက မျှော်နေတာ"

"ကိုကိုလည်း အလုပ်မြန်မြန် ပြီးချင်တာပါပဲကွာ
ကလေးလေးကိုလွမ်းလို့"

လောလောလတ်လတ်ရေချိုးပြီးထားလို့ အေးစက်နေတဲ့ နှာခေါင်းထိပ်လေးကို အသာဆွဲတော့ နှာခေါင်းလေး ရှုံ့ရင်း သူ့လက်ထဲက ခြင်းကို ကားနောက်ခန်းဆီ တင်လိုက်သည်။

"ကိုကို နေကြာတွေ ခူးလာမယ်နော်"

"နည်းနည်းပဲခူးနော် အလကားရပေမဲ့ အများကြီးမယူရဘူး"

"ဟုတ်ကဲ့ ကိုကို"

"ထမင်းစားပြီးပြီလား"

ချန်းယောလ် ကားမောင်းနေရင်း ဗိုက်ကိုပွတ်နေသည့် ကလေးလေးကို ကြည့်ကာမေးလိုက်သည်။ သူကကတော့ ကလေးလေးဆီ မြန်မြန်ပြန်ချင်လို့ ခြံမှာတောင် နေ့လည်စာမစားဖြစ်ခဲ့။ ကလေးလေးကရော သူ့ကိုစောင့်နေတော့ ထမင်းစားဖြစ်ပါ့မလား။ အိမ်မှာကတည်းက ထွက်မလာခင်မေးခဲ့သင့်တာ။

"မစားရသေးဘူး ကိုကို"

"နောက်ကျနေပြီလေကွာ
ကိုကို အကုန်ပြင်ပေးခဲ့တယ်လေ ဘာလို့မစားတာလဲ"

"ကလေးလေးက ကိုကိုနဲ့ အပြင်သွားဖို့ စိတ်လှုပ်ရှားနေတာရော
ပြီးတော့ ကိုကိုက စောစောလာမယ်ထင်လို့ စောင့်နေတာ"

အဆူခံရမှာစိုးပြီး မျက်လုံးဝိုင်းလေးနဲ့ ချွဲပြနေတဲ့ကောင်လေးကို ခေါင်းလေး အသာ သပ်ပေးလိုက်သည်။

Red String of FATEDonde viven las historias. Descúbrelo ahora