'အင်း ကြိုးသွားယူပေး'

'မလိုဘူးလေ ရှေ့မှာရှိနေတာပဲ'

လို့ပြောကာ မာမီကမက်တပ်ရပ်လိုက်ပြီး မာမီ့မျက်နှာ ကြိုးဆီနီးကပ်လာတာမို့ ကြိုးနောက်ဆုတ်လိုက်ပေမဲ့ကြိုးနောက်မှာစားပွဲသာရှိတော့သည် မာမီကကြိုးကိုမချီကာစားပွဲပေါ်တင်လိုက်တယ် နီးကပ်လာတဲ့မာမီ့မျက်နှာကြောင့် ကြိုးမျက်လုံးတို့အလိုလိုမှိတ်သွားတယ် နှုတ်ခမ်းနှစ်ခုထိလုစဲစဲ 5mmလောက်အလို

'ဒေါက်ဒေါက်'

အပြင်ကတံခါးခေါက်သံကြောင့်ရပ်တန်သွားကြတယ်

'အခန်းထဲက ဟိုသားအမိ အဲသမီးရည်းစားလို့ခေါ်ရမှာလား ဘာပဲဖြစ်ဖြစ် အခန်းထဲကနှစ်ယောက်ထွက်ခဲ့ကြတော့ '

မာမီကဆူဆူဆောင့်ဆောင့်နဲ့တံခါးဆီလျှောက်သွားကာ တံခါးဝကတီတီဦးကို

'မမကလေ တကယ်သာသနာဖျက်'

'ဟယ် ဘာကြောင့်'

နှုတ်ခမ်းဆူကာဆင်းသွားတဲ့မာမီ့ကိုကြည့်ကာကြိုးကရီတော့

'သူဘာဖြစ်သွားတာလဲ'

'သိဘူး🤭🤭'

'တစ်ခုခုတော့ တစ်ခုခုပဲ'

မြတ်ရယ် ကြိုးရယ် မမရယ် သုံးယောက်အတူပါတီသွားကြမှာ ကားပေါ်ရောက်တော့နောက်ခန်းမှာအသင့်ဝင်ထိုင်တဲ့ထိုနှစ်ယောက်

'ငါမောင်းရမှာလား'

'အင်း မမပဲမောင်းရမှာ'

'အမြင်ကိုကပ်တယ်'

'နဲနဲတော့စိတ်လှုပ်ရှားတယ် ဒီလိုပွဲမျိုးတစ်ခါမှမတက်ဘူးလို့'

'ဒီပွဲက ကြိုးက မာမီ့သမီးအနေနဲ့တက်ရတာ နောင်ကျရင် မာမီ့ဇနီးအနေနဲ့တက်ရမှာ'

'ခြွေတယ်ကွာ အရမ်း မခြွေပါနဲ့ မာမီ မခြွေလဲ ကြိုး ကြွေပီးသား'

ဘရိတ်ဆောင့်အုတ်လိုက်တာကြောင့် ကြိုးရှေ့ခုံနဲ့ဆောင့်မိမှာစိုးလို့ ဖက်ထားလိုက်တယ်

သီရိမြိုင်Where stories live. Discover now