Arc1(အပိုင်း8)

1.1K 211 16
                                    

အပိုင်း8(ဆိုင်ရမ်မြို့)

ပိုင်လျိုကားပေါ်သို့စစရောက်သောအချိန်တုန်းကမူ ကားရှေ့ခန်းမှငါးညှီနံပြင်းပြင်းအားသူအနံရမိလေသည်။ဤသည်မှာ မနက်တုန်းကအန်ဒရီသည်ပုပ်ပွနေသောငါးကင်အများအပြားအားစားခဲ့သောကြောင့် ထိုအနံသည်အန်ဒရီထံမှထွက်နေသည်ဟု ပိုင်လျိုထင်ခဲ့ခြင်းဖြစ်၏။ကားသမားထံမှထွက်နေခြင်းဟု သူမတွေးမိခဲ့ချေ။ယခင်နေ့ကရခဲ့သောကားပေါ်မှငါးညှီနံသည်လည်းကားသမားထံမှထွက်‌နေခြင်းဖြစ်နိုင်သည်။ယနေ့နှင့် ယှဉ်လျှင်မူ ထိုအနံမှာသိပ်ပြီးသတိမထားမိသေးသော်လည်း ယခုကားသမားထံမှထွက်ပေါ်နေသောငါးညှီနံမှအလွန်ကိုဆိုးရွားလွန်းလေ၏။

ပိုင်လျို သူ့နှာခေါင်းအားကာလိုက်ပြီး ကားသမားအားကြည့်လိုက်၏။ဤကားသမားသည်လည်း မကောင်းဆိုးရွားတစ်ကောင်ဖြစ်နိုင်သည်။

[သတိပေးချက်!! ကစားသူ၏ကောက်ချက်ချခြင်းအထောက်အထားမှာမှားယွင်းနေပါတယ်!!ဤNPCမှာ'ကူး‌ပြောင်းခြင်း'ခံ‌နေရခြင်းသာဖြစ်ပြီး မကောင်းဆိုးဝါးမဟုတ်သည့်အတွက် 'မကောင်းဆိုးဝါးများစာအုပ်'အတွင်းသို့မဝင်ရောက်နိုင်ပါ!!]

[ကစားသူ၏အထောက်အထားများမှာမမှန်ကန်သောကြောင့် NPCမှကစားသူအပေါ်ထားတဲ့ယုံကြည်မူများကျဆင်းသွားပါပြီ။NPCမှကစားသမားအပေါ်မာမာထန်ထန်ဆက်ဆံနိုင်ပါတယ်။]

ကားသမားသည် သူ၏လက်ထဲရှိအသားညှပ်ပါမုန့်အားဖြည်းဖြည်းချင်းစားလိုက်၏။ထို့နောက်သူသည်ပိုင်လျိုအားရိုင်းစိုင်းသောအပြုအမူဖြင့်စကားမပြောခင် သူ၏မတည်မငြိမ်ဖြစ်နေသောမျက်လုံးများဖြင့်ကြည့်လိုက်လေသည်။"ငါ့ကိုယ်ပေါ်ကအနံကရွံစရာကောင်းတယ်လို့မင်းထင်နေတာလား?"

ပိုင်လျို သူ့ရင်ထဲကအမှန်တရားအတိုင်း"ဟုတ်တယ်"ဟုပြောလိုက်ချင်သော်လည်း အပြင်ဘက်တွင်မူမြန်မြန်ငြင်းဆန်လိုက်လေ၏။"မဟုတ်ပါဘူး။"

"မင်းငါ့ကိုကြည့်တဲ့အကြည့်ကမကောင်းဆိုးဝါးတစ်ကောင်ကိုကြည့်နေတဲ့အကြည့်အတိုင်းပဲ ၊ ကြီးကျယ်လိုက်တဲ့ လူချမ်းသာတွေ။"ကားသမားသည် ပိုင်လျိုအားအုံ့မှိုင်းနေသောနေသောအမူအယာဖြင့်ပြောလိုက်၏။ထို့နောက်သူသည်ပြန်လှည့်ကာ လက်ကျန်မုန့်အားစားလိုက်ပြီးနောက် ပိုင်လျိုဘာမေးမေးမဖြေကြားတော့ပေ။

ခြောက်ခြားဖွယ်ရာဂိမ်းထဲ၌နတ်ဘုရားတစ်ပါးဖြစ်လာခြင်းWhere stories live. Discover now