ဆရာဝန်မှ အရိပ်အကဲကြည့်ရင်း ယောင်းဂျွန်းနားသို့ကပ်ကာ အသံကိုနှိမ့်လိုက်ပြီး

“သူရဲ့ဓာတ်ခံက ဦးနှောက်ဆဲလ်တွေကို တဖြေးဖြေးဖျက်ဆီးတတ်တဲ့ virus တစ်ခုဖြစ်နေတယ် နောက်တစ်ချက်က လူတွေကိုမခံမရပ်နိုင်‌အောင် ဆာလောင်မွတ်သိပ်စေနိုင်ပြီး သက်ရှိရဲ့အသွေးအသားနဲ့မှသာ သူတို့ကိုယ်သူတို့ထိန်းချုပ်ထားနိုင်လိမ့်မယ်”

“ဘယ်လို ..!”

ယောင်းဂျွန်း အနည်းငယ်ထိတ်ပျာသွားပြီး

SeungMin လည်း ရုတ်တရက်တုန်လှုပ်သွားတယ်။

“ကျွန်တော်တို့သေချာစစ်ဆေးခဲ့တာပါ ထပ်ပြီးလည်းစစ်ဆေးသွားဦးမှာကြောင့် ဒေါက်တာတို့ဘက်က ကာကွယ်လို့ရသမျှကိုကာကွယ်ပေးထားပါ အချိန်တစ်ခုတော့ပေးရမယ်ဆိုပေမယ့် ကျွန်တော်တို့ဘက်ကလည်း ဒီ Virus နဲ့ပတ်သက်ပြီး တိတိကျကျ analysis လုပ်ပါ့မယ်”

“ဟုတ်ကဲ့ပါဒေါက်တာ ကြိုးစားပေးလို့ကျေးဇူးတင်ပါတယ်ဗျ ဒီစမ်းသပ်ချက်ရလဒ်ကို ပါ‌မောက္ခကြီးဆီတင်ပြဖို့ ကျွန်တော်ဘဲယူသွားလိုက်ပါ့မယ် ခွင့်ပြုပါဦး”

ယောင်းဂျွန်းတစ်ခါတည်း ပါမောက္ခကြီးဆီဝင်ကာ စစ်ဆေးချက်ကို‌ ပေးရင်း Virus အကြောင်းပြန်တင်ပြလိုက်တော့ ပါမောက္ခကြီးကနေ ယောင်းဂျွန်းအပါအဝင် ကုသရေး၊ကာကွယ်ရေးနဲ့ ဓာတ်ခွဲစမ်းသပ်‌ရေးအပိုင်းမှာ တာဝန်ရှိတဲ့ဆရာဝန်တွေကို အစည်းအဝေးခေါ်ဆွေးနွေးဖို့ ချက်ချင်းပြင်ဆင်တော့တယ်။

အစည်းအဝေးခန်းထဲ ခေါ်ထားတဲ့ဆရာဝန်များ ရောက်လာပြီးချိန်မှာ ဒီ Virus အကြောင်းကို ယောင်းဂျွန်းအား အသေးစိတ်ပြန်တင်ပြပေးဖို့ ပါမောက္ခကြီးမှပြောလာတယ်။

သူတို့အဖွဲ့ရဲ့ခေါင်းဆောင်မှာလည်း မျက်နှာအလိုလိုပျက်သွားကာ မကျေမနပ်ဖြင့် ထိုင်ကြည့်နေလျှက်။

Virus ရဲ့ဆေးစစ်မှုရလဒ်အကြောင်းကို ပြောပြပြီးတဲ့အခါဆရာဝန်အများစုမှာလည်း ပြောစရာစကားမဲ့သွားပြီး လှုပ်လှုပ်ရှားရှားဖြစ်လာကြတယ်။

“လူနာတွေရဲ့လက်ရှိအခြေအနေကိုလည်း သေချာပြောပြပေးပါ ဒေါက်တာယောင်းဂျွန်း”

You've reached the end of published parts.

⏰ Last updated: Mar 08, 2023 ⏰

Add this story to your Library to get notified about new parts!

ApocalypseWhere stories live. Discover now