"flower crown က လုပ်ရတာ ပင်ပန်းတယ်ကွ
ဒီလောက်နဲ့တော့ ရမလား"

"ဒါဆို ဘယ်နှစ်ချက်လဲပြော"

"ဒီလို...."

ကလေးလေးရဲ့ ခါးကို လက်တစ်ဖက်ကဆွဲဖက်ပြီး လည်တိုင်လေးကိုမော့စေလျက် နှုတ်ခမ်းချင်းထိတွေ့လိုက်သည်။ ကလေးလေးရဲ့ လက်တွေက သူ့အင်္ကျီစကို အားယူဆွဲကိုင်လာတော့ သူ့အနမ်းတွေကို ပိုမိုနက်ရှိုင်းစေလိုက်သည်။မမီမကမ်းနဲ့မို့ ခြေဖျားလေးထောက်နေရတဲ့ ကလေးလေးရဲ့ ခြေထောက်တွေကို သူ့ခြေဖမိုးပေါ် အသာတင်စေလျက် အနမ်းတွေကိုလည်း မပြတ်လပ်စေဘဲရှိစေသည်။

နေလုံးကြီးက ပင်လယ်ထဲ တအိအိနစ်မြုပ်သွားပေမဲ့ သူတို့အနမ်းတွေကတော့ မရပ်တန့်သေး။ ပင်လယ်ဆီက အပူဓာတ်ကုန်ခမ်းလို့ လေအေးများ ဝန်းရံလာသည့်အချိန်မှ သူတို့ အိမ်ပြန်ရောက်ခဲ့ကြသည်။ နှုတ်ခမ်းတွေ ဖူးယောင်နေတဲ့ကလေးလေးကတော့ ညစာကောင်းကောင်းမစားနိုင်လို့ သူ့ကို တစ်ညလုံး စိတ်ကောက်နေခဲ့ပါသည်။

💓

မနေ့က နေမကောင်းလို့ ဆောတီး

(Zawgyi)

ကလေးလေးက လည်ပင်းလေး တရှည်ရှည်နဲ့ သူ့ရှေ့မှာ ရှိနေတဲ့လူတန်းကြီးကို ကျော်ကာ ကိုကို့ကို လှမ်းကြည့်နေရသည်။ ကိုကို့လက်ထဲမှာရှိနေတဲ့ ငွေစက္ကူတွေကို သူ သိပ်သဘောကျတာပဲ။ ဒီနေ့က လခထုတ်ရမည့်နေ့မို့ ကလေးလေးလည်း ခြံဝန်ထမ်းတွေနည်းတူ လခထုတ်ဖို့ တန်းစီနေတာဖြစ်သည်။

"ဂျွန်ဟီးလုပ်တဲ့ ဝိုင်သေတ္တာလေးတွေက ဒီလ အများကြီးရောင်းရတယ်
အဲ့ဒါကြောင့် bonus ထည့်ပေးထားတယ်နော်"

"ကျေးဇူးတင်ပါတယ် အစ်ကိုချန်းယောလ်"

ဂျွန်ဟီးကို ထပ်ပေးလိုက်သည့် စာအိတ်အပါးလေးကို ကလေးလေးက မျက်လုံးလည်အောင် လိုက်ကြည့်လို့နေသည်။ သူလည်း အဲ့ဒီလို စာအိတ်အပိုလေး လိုချင်လိုက်တာ။ သုံးယောက်လောက် ထပ်စောင့်ပြီးတော့ ကလေးလေး အလှည့်ရောက်လာသည်။ ကလေးလေးနောက်မှာလည်း လူတစ်ယောက်မှ မကျန်တော့။ ကိုကို့စားပွဲပေါ်လှမ်းကြည့်တော့ လစာထည့်ပေးနေကျ စာအိတ်အညိုကလွဲလို့ အပိုရှိမနေပေ။

Red String of FATEWhere stories live. Discover now