နေ့ခင်းလောက်အထိ အိပ်နေခဲ့ကြပြီး ဦးလေးဂျွန်လာပို့ပေးသည့် ဟင်းနှင့် ထမင်းစားလိုက်ကြသည်။ ပြီးနောက် နေစောင်းခါနီးတော့ သူတို့ အတူတူ ကမ်းခြေဘက်ကို ထွက်ခဲ့ကြသည်။
ကလေးလေးကတော့ ကမ်းခြေရောက်တာနဲ့ ဖိနပ်လေးကို ချွတ်ကာ ရေစပ်မှာပြေးကစားလို့နေသည်။ ချန်းယောလ်က ကလေးလေးရဲ့ ပုံရိပ်ကို အဝေးကနေ ဖုန်းနဲ့ မှတ်တမ်း တင်ရင်း ပြုံးနေမိသည်။ ချစ်လို့ မြတ်နိုးလို့ကို မဝပါဘူး ကလေးလေးရာ။
ခဏကြာတော့ ချန်းယောလ်ထိုင်နေသည့်ဘေးနားက အပင်ရိုင်းလေးတစ်ချို့ကို နှုတ်ယူကာ Flower crown လေး လုပ်နေလိုက်သည်။ ကလေးလေး ဆော့ရတာမောသွားပြီး သူ့ဆီပြန်လာခဲ့ရင် အမောပြေလက်ဆောင်လေး ပေးရန်ဖြစ်သည်။ အပင်ရိုင်းလေးမှာ ပန်းအဝါလေး နှစ်ပွင့်လည်း ကပ်ပါနေသေးသည်။ တခြားပန်းပွင့်ကြီးကြီးများကို လိမ်ခွေထားသည့် ရိုးတံကြားညှပ်လိုက်တော့ သူ့ flower crown လေးက တော်တော်လှသွားပြီဖြစ်သည်။
"ကိုကို ဘာတွေလုပ်နေတာလဲ"
သူထင်တဲ့အတိုင်းပဲ ကလေးလေးက ရေထဲကနေ ပြေးတက်လာပြီးတာနဲ့ သူ့လက်ထဲက ပန်းလေးတွေကို ကြည့်ရင်းမေးသည်။
"ကလေးလေးအတွက်"
ချန်းယောလ် ထိုင်နေရာမှ မတ်တပ်ထရပ်လိုက်ပြီး ကလေးလေးရဲ့ ခေါင်းလုံးလုံးလေးပေါ် flower crown လေးတင်ပေးလိုက်သည်။
"ကြိုက်လား ကလေးလေး"
"အင်း လှတယ်..
ကျွန်တော်ရော လှလား ချစ်စရာကောင်းလား
မှန်လည်းမရှိဘူး မှန်ကြည့်ချင်တယ်"
"ကိုကို ဓာတ်ပုံရိုက်ပြမည်"
အလှပဆုံးပြုံးနေတဲ့ ကောင်လေးကို ချန်းယောလ်ဖုန်းနဲ့ ဓာတ်ပုံရိုက်ယူလိုက်သည်။
တကယ်လို့ ဝေးကွာခဲ့ရင်တောင် အမှတ်တရပေါ့ ကလေးရယ်။
"ဟီး ဟီး ကြိုက်တယ်"
"ကြိုက်တယ်ဆို ပိုက်ဆံပေး"
သူလက်ဝါးဖြန့်ပြီးတောင်းတော့ ကလေးလေးက ရယ်နေရာကနေ ရုပ်တည်သွားသည်။
"ကိုကိုကလည်း ပိုက်ဆံမရှိပါဘူးဆို
တခြားဟာပေးမယ်လေ"
သူ့အနားကို တိုးကပ်လာပြီး ပါးကို မထိတထိ လာနမ်းသောကြောင့် သူပြုံးလိုက်သည်။
တကယ့် အလည်လေး။
YOU ARE READING
Red String of FATE
FanfictionRed String လေးနဲ့ ဆက်သွယ်ထားတဲ့ လူနှစ်ယောက်က ဘယ်လောက်ပဲဝေးဝေး တစ်ဦးနဲ့တစ်ဦး နီးဖို့ အကြောင်း ဖန်လာတာပဲတဲ့ ❣️ Park Chanyeol X Doh Kyungsoo Zawgyi+Unicode
Part 18
Start from the beginning
