"မလာရင် စာအုပ်ဖတ်မပြတော့ဘူး"

ချန်းယောလ်အသံက နည်းနည်း စိတ်ဆိုးသလိုဖြစ်လာတော့မှ ကောင်လေးက ပြေးလာသည်။

"လာပါပြီ ကိုကိုကလည်း
ဒီနေ့ စာအုပ်အသစ်ဖတ်ပြ
ဦးလေးဂျွန်အိမ်က ထပ်ရှာလာတာ"

ကလေးလေး ပေးတဲ့စာအုပ်ကိုယူဖွင့်လိုက်ပြီး ချန်းယောလ်စိတ်ထဲ အလိုမကျ။ တရုတ်စာတွေအပြည့်ရေးထားသည့် ပုံပြင်စာအုပ်ကို ကလေးလေးက ဘာလို့ရွေးလာတာလဲ။

"ကိုကို မဖတ်တတ်ဘူး ကလေးလေး"

"ဟင်...ကလေးလေး ဖတ်ကြည့်ခဲ့တယ်
ဖတ်လို့ရတယ်"

"ဒါတွေက တရုတ်စာတွေလေ
ကိုကိုက တရုတ်စာမှ မဖတ်တတ်တာ"

"ဟုတ်လား"

စောင်ခြုံပြီး အိပ်ဖို့ပြင်နေတဲ့ကောင်လေးက အိပ်နေရာက ပြန်ထလာပြီး စာအုပ်လေးကို ပြန်ဆွဲယူသွားသည်။

"ဒါဆို ကိုကိုကအိပ်
ကလေးလေး ဖတ်ပြမယ်"

ပုံပြင်ဖတ်ပြတဲ့ကောင်လေးက ခဏအကြာမှာ အိပ်ပျော်သွားပေမဲ့ ချန်းယောလ်ကတော့ အိပ်မပျော်ခဲ့။ ကလေးလေးဆီက အဲ့ဒီလိုစကားသံတွေကြားတိုင်း သူတို့ဝေးကွာသွားတော့မလို ခံစားရသည်။ ကလေးလေးက မသိလိုက် မသိဘာသာနဲ့ သူ့အတိတ်က လုပ်ရပ်တွေအတိုင်း တဖြည်းဖြည်းပြုမူလာတာပဲ။ အတိတ်ကို သတိရတဲ့အခါ ကိုယ့်ကို မေ့မသွားစေချင်ဘူး ကလေးလေး။

💓

ချန်းယောလ် အလုပ်နားရက်မဟုတ်သော်လည်း အလုပ်သွားချင်စိတ်မရှိလောက်အောင် ပင်ပန်းနေသည်။ စိတ်ပင်ပန်းတာက လူပင်ပန်းတာထက် ပိုအားနည်းစေတာအမှန်ပဲဖြစ်မည်။ တစ်ညလုံး ကလေးလေးအကြောင်းတွေးရင်း သူအိပ်မပျော်ခဲ့။ မနက်လင်းခါနီးမှ မှေးခနဲ အိပ်ပျော်သွားပြီးနောက် ပတ်ဝန်းကျင် အသံတွေကြောင့် ပြန်နိုးလာခဲ့သည်။ တစ်ကိုယ်လုံးနွမ်းနယ်နေသောကြောင့် အလုပ်မသွားတော့ဘဲ နားဖို့ ဆုံးဖြတ်လိုက်သည်။

ခြံထဲကြိုရောက်နေတဲ့ မင်ချောကို ဖုန်းနဲ့ လှမ်းပြောပြီး သူကတော့ ကလေးလေးကို ပွေ့ဖက်ရင်း တရေးတမော ပြန်အိပ်ဖို့ ပြင်လိုက်သည်။ ကလေးလေးကလည်း ကိုကိုနဲ့အတူတူဆိုတော့ ညက အိပ်ရေးဝထားလည်း ထပ်အိပ်ချင်စိတ်ရှိနေသေးသည်။ ကိုကို့ရဲ့လက်မောင်းကိုခေါင်းအုံး ရင်အုံကြီးကို မျက်နှာအပ်ပြီး အိပ်ရတာလောက် ဇိမ်ကျတာ ဘယ်ရှိပါ့မလဲ။
(အင်္ဂလန်မိတ် စပရိန် အိပ်ယာ လက်ဖ် သယ် ဂရု -_-)

Red String of FATETahanan ng mga kuwento. Tumuklas ngayon