ကလေးလေးက အလုပ်နည်းနည်းပဲလုပ်ပေမဲ့ ကိုကို့ကိုတော့ များများချစ်ပေးတာပဲလေ။ ဒါဆို Bonus ပေးသင့်တာပဲကို။

"အိမ်ပြန်ကြမယ် လာ"

ကလေးလေးက လစာရထားတဲ့ ပိုက်ဆံကို အိတ်ထဲသေချာထည့်သိမ်းပြီး ကားပေါ်တက်ထိုင်လိုက်သည်။ ခြံထဲကထွက်လာပြီး အိမ်အပြန်လမ်းပေါ်ရောက်သည်ထိ ကလေးလေးက ကိုကို့ကို လှည့်မကြည့်။ စိတ်ကောက်ကြောင်းပြဖို့ ကျောပေးလို့နေသည်။

"ကလေးလေး....ကျ နေ ကြီးက ပူလိုက်တာ
ကိုကို့ရဲ့ နေကာမျက်မှန်လေး နောက်ခန်းမှာ ယူပေးပါဦး"

ကလေးလေး မသိချင်ယောင်ဆောင်ပြီး နေချင်သော်လည်း ‌ကိုကို့မျက်လုံးလှလှလေးတွေ နေရောင်ထိုးမည်စိုးသောကြောင့် နောက်ခန်းကိုလှည့်ကာ မျက်မှန်ရှာလိုက်သည်။

"ကိုကို မျက်မှန်က ဘယ်မှာ...
ဟင် ဒါဘာလဲ
မုန့်ပဲ မုန့်"

သူကြိုက်တဲ့ မုန့်ဗူးလေးတွေ့တာနဲ့ မျက်မှန်ကိုမေ့သွားပြီး မုန့်ဗူးကိုလှမ်းဆွဲယူသည်။

"ဒိုးနတ်စားချင်နေတာ ကိုကိုက ဘယ်တုန်းက သွားဝယ်လိုက်တာလဲ"

"ကိုကိုမဝယ်ပါဘူး
မင်ချော အသီးဒိုင်က ငွေသွားသိမ်းတုန်း မှာလိုက်တာ
ဒါက ကလေးလေးအတွက် Bonus နော်"

"ဟုတ်ကဲ့ ကိုကို"

လိုချင်တာရသွားတဲ့ ကလေးလေးက ကိုကို့လက်မောင်းကို ခေါင်းလေးနဲ့တိုးဝှေ့ရင်း ချွဲလို့နေသည်။ ကိုကိုပိုချစ်လေ သူမုန့်ပိုစားရလေပဲ မဟုတ်လား။ ကိုကိုပိုချစ်အောင် ချွဲထားရမယ်။

💓

"ကလေးလေးရ လာတော့လေကွာ
အိပ်တာ ညမနက်နဲ့"

"ခဏလေးကိုကို သိမ်းလို့မပြီးသေးဘူး"

ကပ်စေးနည်းလေးကတော့ လခထုတ်ပေးလိုက်တာနဲ့ ပိုက်ဆံတစ်ထပ်နဲ့ အလုပ်များလို့နေသည်။ အရင်က ရှိပြီးသားတွေရော ထပ်ရတာကိုရော အကုန်ထုတ်ရေနေတာလည်း သုံး လေးခါ မကတော့။ ပြီးရင် တစ်ရွက်ချင်းစီလို့ သေတ္တာလေးထဲထည့်သည်။ ပြီးလျှင် အပေါ်ကနေ မမြင်ရအောင် ခရုခွံလေးတွေနဲ့ ဖိသည်။ စိတ်တိုင်းမကျလျှင် အစက ပြန်လုပ်သည်။ ကြာလာတော့ ချန်းယောလ်က ထိုင်စောင့်နေရင်း အိပ်ငိုက်လာသည်။

Red String of FATEМесто, где живут истории. Откройте их для себя