“သားငယ် ခေါင်းထဲတွေးနေတဲ့အရာကို မေမေတို့သိပါတယ် ဒါပေမယ့် သားလေး ဆက်ပြီးမတွေးလို့မဖြစ်ဘူးလားဟင်....မေမေ သားကို ဖြစ်နိုင်ရင်
ဘယ်သူနဲ့မှ မပက်သက်စေချင်တော့ဘူးကွယ်။သူတို့ဆီက သားလေး ရုန်းထွက်လာပါတော့ နော်”

ဆော့ဂျင် အဖြေမပေးရဲ။ ရုန်းထွက်နိုင်ခဲ့ရင်တောင်ခလုတ်တိုက်တိုင်း သတိရနေမယ့်လူဖြစ်နေလို့ကတိတွေပေးလိုက်ရင် မတည်တဲ့အခါ ရင်ဆိုင်ရမည့် အပြစ်ဒဏ်တွေကို သူသိပ်ကြောက်ပါသည်။

“သားကို မေမေ အတင်းမလုပ်ခိုင်းပါဘူး။
အရင်ဆုံး အေးဆေးနားနော်”

“ဟုတ် ကဲ့ ”

ဘာကိစ္စတွေ ဖြစ်ပျက်ခဲ့ကြလဲ မသိပေမယ့် သူဆက်၍ မမေးချင်တော့ပါ။ သူနဲ့လည်းမဆိုင်တော့ဘူးလေ။ ဦးဂျွန်ရော၊ ဦးဂျွန်မိသားစုကပါ သူနဲ့မဆိုင်တော့ဘူး။ ဆိုင်တယ်လို့ နှလုံးသားကတွေးနေမိရင်
တောင် ဘယ်အရာ၀တ္ထုကမှ မင်းနဲ့မဆိုင်တော့ဘူးဆိုပြီး ဦးနှောက်က သတိခဏခဏပေးနေတယ်။

ဆော့ဂျင် အများကြီး ဆက်မတွေးတော့။ မျက်လုံးများကိုသာ မှိတ်ချထားလိုက်သည်။ ထိုအခါ ပူပူနွေးနွေး မျက်ရည်တွေ စီးကျသွားတာကို ခံစားလိုက်ရသည်။

#####

ရက်အတော်ကြာ ဆေးရုံမှာနေခဲ့ပြီးသည့်နောက်ဆရာ၀န်ခွင့်ပြုချက်နှင့်အတူ ဆေးရုံမှဆင်းခွင့်ရခဲ့သည်။ မေမေကတော့ ဆေးရုံဆင်းသည်နှင့်တစ်ပြိုင်နက် ဆော့ဂျင်အား နိုင်ငံခြားပို့ဖို့ အတင်းစီစဉ်နေခဲ့သည်။ ဖေဖေကတော့ ထိုကိစ္စအား ဘာမှ၀င်မပြော။
မေမေတစ်ယောက်ထဲ တက်ကြွစွာ စီစဉ်နေခဲ့တာပင်။

“ဖေဖေ....ကားကို ဒီမှာရပ်ပေးပါလား
ပန်းခြံထဲ သားလမ်းခဏလောက် လျှောက်ချင်လို့”

လမ်းကွေ့လေးထဲသို့ ကားလေးမ၀င်ခင် ဆော့ဂျင်ပြောလိုက်တော့ ဖေဖေက ကားရပ်ပေးသည်။မေမေကတော့ တစ်ယောက်ထဲထားချင်ပုံမပေါ်။ ကားရပ်သည်နှင့် အပေါ်ထပ်အနွေးထည်ကို သေချာ၀တ်ကာ
ကားပေါ်မှဆင်းလိုက်မိသည်။

“အကြာကြီးမရဘူးနော် သားငယ်”

“ဟုတ် သိပါတယ်မေမေ ခဏလောက် လေညှင်းခံပြီးရင် ပြန်လာခဲ့ပါမယ်”

ဦးဂျွန် ( Kookjin )Where stories live. Discover now