Extra-7 (အကယ်၍)

Start from the beginning
                                    

စုန့်ကျစ်ချိုး၏ မကျေမနပ် စွပ်စွဲသံများဟာ သူ့နှလုံးသားအား အရှင်လတ်လတ်လှီးဖြတ်လိုသော ဓားတစ်လက်ကဲ့သို့ ရှီယွင်နန် အတွေးတွေထဲ စီးဝင်လာ၏။

ဆေးရုံခ ရှင်းပြီးနောက် ဝမ်ရိပေက ချက်ချင်းပြေးလာသည်။ သူဟာ ရှီယွင်နန်ကို နှစ်သိမ့်ပေးရန် ပုခုံးလေးကို ဖက်လိုက်ပြီး တတ်နိုင်သမျှ နူးညံ့တိုးညှင်းသည့်လေသံဖြင့် ပြန်ချေပလိုက်သည်။

"အဒေါ် ယွင်နန်က အဲ့လိုလူမဟုတ်ပါဘူး။"

"အဘိုးက ခွဲစိတ်ခန်းထဲမှာ ရှိနေတုန်းလေ။ အားလျော့မယ့်စကားတွေ မပြောကြရအောင်။"

"ကျစ်ချိုး၊ မင်းစကားကို ကုန်ကုန်မပြောနဲ့ ၊ အကြောင်းစုံသိရသေးတာ မဟုတ်ဘူး။" သူတို့ဦးလေး ဝမ်ယန်ဖုန်း၏ မျက်လုံးထဲတွင်လည်း စိုးရိမ်မှုများ ပြည့်နှက်နေသည်။

"ဘာလို့မသိရသေးမှာလဲ? ရှီယွင်နန် မဟုတ်ရင် ရှောင်လန် လုပ်တာမို့လို့လား?" စုန့်ကျစ်ချိုး ပြန်ချေပတော့

သူမနောက်မှာ ကာကွယ်ပေးခံနေရသည့် ဝမ်ချန်းလန်ကလည်း ချက်ချင်း ငြင်းဆိုတော့သည်။ "မား သားမဟုတ်ဘူး! လုံးဝ သားမဟုတ်ဘူး! အဘိုးကို အဲ့မျက်ဖြူဝံပုလွေ ရှီယွင်နန် တွန်းချလိုက်တာ!"

ရှီယွင်နန် လက်သီးကျစ်ကျစ်ဆုပ်ထားရင်း လူအိုကြီးဝမ်အား တွန်းချလိုက်သည့် အဓိကတရားခံကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

"ဝမ်ချန်းလန်! မင်းကိုယ့်ကိုကိုယ် သိမှာပါ! ငါတို့နှစ်ယောက်ထဲ ဘယ်သူက အဘိုးကိုတွန်းချလိုက်လဲဆိုတာ!"

ဝမ်ချန်းလန်တစ်ယောက် လိပ်ပြာမလုံဖြစ်နေကာ အဝေးသို့ အကြည့်လွှဲလိုက်ပြီး ချက်ချင်းပင် သူ့အမေသူ့ဘက်ကနေ ကူပြောပေးရန် အကူအညီတောင်းတော့သည်။ "မား သားတကယ် မလုပ်ရဲပါဘူး။ ရှီယွင်နန်တွန်းချလိုက်တာ။ ဝမ်ရိပေကို ပိုချစ်လို့ အဘိုးအပေါ် မကျေမနပ်ဖြစ်နေတာ သိသာတယ်"

"ငါမလုပ်ဘူး!"

ရှီယွင်နန် အံကြိတ်ကာ ပြန်ချေပလိုက်၏။ သူရင်ဘတ်မှာ ပြင်းထန်စွာ ခုန်နေတာကြောင့် စက္ကန့်အနည်းငယ်ကြာမှသာ ထိုစကားလေးကို ထပ်ခါတလဲလဲ ပြန်ပြောနိုင်လိုက်သည်။ "... ငါတကယ်မလုပ်ခဲ့ဘူး"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now