Arc1(အပိုင်း7)

Start from the beginning
                                    

အခြားနှစ်ယောက်ဖြစ်သော ဂျက်နှင့်အန်ဒရီမှာမူထိုအနံအားမရကြသည့်ပုံပင်။ပိုင်လျို အကြွေစေ့အားသူတို့နှစ်‌ယောက်ရှိရာဘက်သို့ပြောင်းချိန်လိုက်သောအခါတွင် 'ကူးပြောင်းပေးခြင်းခံနေရ'ဟူ၍ပြနေ၏။ဤသည်မှာအခန်းထဲမှ ရေသူမရုပ်ထုများနှင့်သက်ဆိုင်ပေလိမ့်မည်။

အန်ဒရီ၏အကြောင်းအားပြောရမည်ဆိုလျှင်ဖြင့် လက်ရှိသူ၏စားသောက်နေပုံမှာပိုင်လျိုအားအနည်းအငယ်မသက်မသာဖြစ်စေ၏။အန်ဒရီမှာမူပလုတ်ပလောင်းစားနေပြီး သူဝါးလိုက်သည့်အချိန်တိုင်းသူ့ပါးစပ်ထဲရှိချောကျိကျိငါးအမှီးမှာသူ့ပါးစပ်အားပြန်ရိုက်နေလေသည်။ထို့နောက်သူသည် ပါးစပ်ထဲမှစားစရာများမကုန်ခင် နောက်ထပ်အပိုင်းတစ်ခုအားယူ၍သူ၏(အန်ဒရီ)ပါးစပ်အတွင်းသို့ထိုးထည့်လိမ့်မည်။

လူစီသည် ငါးကင်အားဓားနှင့်ခရင်းအားသုံး၍ပိုင်းဖြတ်လိုက်ပြီးနောက် ပိုင်လျိုအားကြည့်၍အနည်းငယ်အံဩသွား၏။"အချစ်..!ရှင်ဒီကိုမနက်စာစားဖို့လာတာမဟုတ်ဘူးလား?ဒီကငါးကင်ကတစ်ကယ်ကိုအရသာရှိတာပဲရယ်၊ ကျမဆိုဝိတ်ချနေတယ်ဆိုပေမယ့် စားကောင်းလွန်းလို့နှစ်ခုတောင်စားမိသွားတယ်လေ!"

"ရှင်အရမ်းကောင်းတဲ့ဟိုတယ်ကိုရှာငှားလိုက်တာပဲ!"။လူစီသည်ပိုင်လျိုအနားသို့ကပ်ကာနမ်းရန်ပြင်လိုက်၏။ပိုင်လျိုမှာမူ လူစီပါးစပ်မှငါးညှီနံပြင်းပြင်းကြောင့်ဆို့နင့်သွားရပြီး သူမအားအလိုအလျောက်အဝေးသို့တွန့်ပို့လိုက်လေသည်။ပိုင်လျို လူစီ၏ပန်းကန်အားဆွဲယူလိုက်ပြီးသူမအားပြောလိုက်၏။"အချစ်‌လေး မင်းရဲ့ခန္ဓာကိုယ်ကအခုအရမ်းကြည့်ကောင်းနေတယ်လေ ၊ ဒီလိုငါးတွေအတွက်ကြောင့်နဲ့ကိုယ်မင်းရဲ့အလှကိုမပျက်စီးစေချင်ဘူး။ဒီကငါးကင်ရဲ့အရသာကပုံမှန်အရသာပဲရှိတဲ့ဟာကို ဟင်းသီးဟင်းရွက်‌လေးတွေလဲစားလိုက်ဦးနော်။"

လူစီသည်ပိုင်လျိုစီမှချော့မြူခြင်းခံလိုက်ရလေ၏။သူမသည်ငါးကင်အားစားရန်တွန့်ဆုတ်စွာဖြင့်လက်လျော့လိုက်သော်လည်း ပိုင်လျိုပြောသည့်အတိုင်းနာခံစွာဖြင့်အသီးအရွက်များအားစားသည်။ထိုဆင်ခြေအားထိန်းသိမ်းရန်အနေဖြင့် ပိုင်လျိုသည် ဂျက်နှင့်အန်ဒရီပန်းကန်ထဲသို့လည်းအသီးအရွက်အချို့အားထည့်ပေးလိုက်၏။ဂျက်သည်ပိုင်လျိုထည့်ပေးသည်အား စားလိုက်သော်လည်း သူ့ကြည့်ရသည်မှာအနည်းငယ်မပျော်ရွှင်ပေ။

ခြောက်ခြားဖွယ်ရာဂိမ်းထဲ၌နတ်ဘုရားတစ်ပါးဖြစ်လာခြင်းWhere stories live. Discover now