"တစ်လုံးကို တစ်ချက်နော်
မင်းယူထားတာ အများကြီးပဲ"
"အဆစ်ပါထည့်ပေးဦးမှာ"
ဇွဲမလျော့တဲ့ ဝက်ကလေးကတော့ သူ့ပခုံးကို အားပြုထားရင်း လိမ္မော်သီးဖိုးကို အကျေဆပ်ဖို့ ကြိုးစားနေတော့သည်။ ခါးတုတ်တုတ်လေးကို အသာလေးထိန်းပြီး သူကလည်း ကလေးရဲ့အနမ်းတွေကြားမှာ ပျော်မွေ့လို့နေခဲ့ပါသည်။ ကလေးရဲ့ အနမ်းတွေက ခြံထွက်အသီးတွေထက်ပင် ပိုချိုမြလို့နေသေးသည်။
သူတို့ခြံကနေ ပြန်လာတော့ နေစောင်းကာစ အချိန်ဖြစ်သည်။ လမ်းပေါ်ကနေ မြင်တွေ့နေရသော နေလုံးနီနီကြီးက တဖြည်းဖြည်း သစ်ပင်များကြား မြုပ်ဝင်လုဖြစ်နေပြီ။
"ကိုကို နေလုံးက လိမ္မော်သီးနဲ့တူတယ်"
ဒီဘက်ခြမ်းက နေဝင်ချိန်မြင်ကွင်းကို သေချာမကြည့်ဖူးတဲ့ ကလေးလေးက သဘောတကျပြောနေသည်။ ကလေးလေး သေချာကြည့်လို့ရအောင် လမ်းဘေးမှာ သူတို့ကားလေးကို ရပ်လိုက်ပြီး ဝက်လုံးလေးကို ဂျစ်ကား စက်ဖုံးပေါ် ချီတင်လိုက်သည်။ ချန်းယောလ်ကတော့ ကားစက်ဖုံးကို မှီလျက် နှစ်ယောက်အတူတူ နေဝင်ချိန်ကို ကြည့်ရှုနေကြသည်။
မနက်စောစာနေထွက်ချိန်ကိုလည်း ကလေးနဲ့အတူတူပဲကြည့်ချင်သလို
ညနေစောင်းနေဝင်ချိန်ကိုလည်း ကလေးနဲ့ အတူတူပဲကြည့်ချင်တယ်...။
ကြယ်တွေကိုလည်း ကလေးနဲ့အတူတူရေတွက်ချင်သလို
လရောင်ရဲ့ချိုမြိန်မှုကိုလည်း ကလေးနဲ့အတူတူခံစားချင်တယ်...။
ကိုကို့ဘဝရဲ့ အရာရာတိုင်းကို ကလေးလေးနဲ့အတူတူမျှဝေရင်းပဲ ကုန်ဆုံးသွားချင်တယ်...။
💓
အပိုင်း 20 မှာ ဇာတ်သိမ်းတော့မယ် 🤩
(Zawgyi)
ချန်းယောလ်အလုပ်လုပ်နေတုန်း ဖုန်းမြည်လာပြီး ကိုင်လိုက်တော့ အုပ်ချုပ်ရေးမှူးဆီက ဖြစ်နေသည်။ သူ့ကို အပ်ထားသည့် ခြံကွက်အသစ်ကို ဝယ်ချင်သူ ပေါ်လာသောကြောင့် ခြံအကြောင်း သေချာရှင်းပြရန် ခေါ်ခြင်းဖြစ်သည်။ ထိုခြံက စိုက်ပျိုးမြေလုပ်ဖို့ တော်တော်လေးအဆင်ပြေပြီး ချန်းယောလ်တို့ အစမ်းပျိုးသည့် စတော်ဘယ်ရီများပင် အပင်ပေါက်ရနေပြီဖြစ်သည်။ ဈေးကောင်းလည်းရနိုင်သလို ဝယ်ရသူအတွက်လည်း တကယ်အကျိုးရှိမှာသေချာသည်။
YOU ARE READING
Red String of FATE
FanfictionRed String လေးနဲ့ ဆက်သွယ်ထားတဲ့ လူနှစ်ယောက်က ဘယ်လောက်ပဲဝေးဝေး တစ်ဦးနဲ့တစ်ဦး နီးဖို့ အကြောင်း ဖန်လာတာပဲတဲ့ ❣️ Park Chanyeol X Doh Kyungsoo Zawgyi+Unicode
Part 16
Start from the beginning
