"ကိုကို လိမ္မော်ပင်တွေ..."

ခြံဝန်းထဲဝင်လိုက်တာနဲ့ အစီအရီရှိနေသည့် အပင်များနှင့် သီးကာစ လိမ္မော်သီး သေးသေးတောက်တောက်လေးများကို ကလေးလေးက သဘောကျနေသည်။ ခြံတာဝန်ခံ ဦးလေးကလည်း ချန်းယောလ်ကို လာနှုတ်ဆက်ရင်း ခြံကထွက်သည့် လိမ္မော်သီးများ အပြန်ထည့်ပေးရန် ပြင်နေသည်။

"ငါ့တူ မလာတာကြာလို့မျှော်နေတာ
အသီးတွေပို့ပေးဖို့ကျတော့လည်း လူကြုံမရောက်တာနဲ့"

"နေပါစေ ဦးလေး မထည့်နဲ့
ကျွန်တော်တို့ကိုယ်တိုင် ခူးချင်လို့
ခြင်းတောင်းလေးသာပေးလိုက်"

ချန်းယောလ်ဆီ ခြင်းတောင်းရောက်လာတာနဲ့ မထိုင်နိုင်ဘဲ ဖင်တကြွကြွဖြစ်နေတဲ့ ကလေးလေး လက်ကိုဆွဲကာ လိမ္မော်ပင်တန်းတွေကြားဝင်လာခဲ့သည်။

"ကိုကို အများကြီးခူးသွားမယ်"

"စားလို့နိုင်သလောက်ပဲခူးလေ
ဦးလေးဂျွန်ကိုလည်း ပေးရမယ်"

"အများကြီးစားချင်တာ"

"ချောင်းဆိုးဦးမယ်"

ချန်းယောလ်က ဘယ်လောက်ပြောပြော စကားနားမထောင်တဲ့ကောင်လေးကတော့ အသီးလှလှလေးများကို တစ်လုံးပြီးတစ်လုံး အကြိုက်ခူးကာ ခြင်းထဲသို့ထည့်နေသည်။
အသီးခူးလို့ရသည့် အပင်တန်း တစ်တစ်တန်းလောက်အကုန်မှာ ကလေးလေးကလည်း ရပ်လိုက်ပြီး ခြင်းတစ်ခြင်းလုံးလည်း အသီးများပြည့်သွားပြီဖြစ်သည်။

"တော်ပြီ ကိုကို"

"ဆန့်လည်း မဆန့်တော့ဘူးလေ ဒီမှာ"

"ဟီး ကလေးလေးက ကြိုက်လို့ပါ"

"အသီးတွေက အလကားမရဘူးနော် ကလေးလေး ပိုက်ဆံပေးရမှာ"

"ဟင် တကယ်ကြီးလား"

ပိုက်ဆံပေးရမယ်ဆိုတာနဲ့ ကပ်စေးနည်းလေးက မျက်နှာလေး မဲ့ကျသွားသည်။ သူ့ပိုက်ဆံဆို အထိကို မခံတာ။

"ဘာမှ အလကားမရဘူးလေ ကလေးလေးရဲ့"

"ဒါဆို တခြားနည်းနဲ့ရှင်းမယ်လေ"

"ဘယ်လိုမျိုးလဲ"

"ဒါမျိုး..."

ခြေဖျားထောက်ပြီး သူ့ပါးကိုလှမ်းနမ်းတဲ့ကောင်လေးက တကယ်လူလည်။

Red String of FATEWhere stories live. Discover now