"မစားဘူး ပြန်တော့မှာ"

"သူ့ကိစ္စလည်း ဘာမှမထူးဘူးနော်
ချန်းယောလ် မြို့ကို ထပ်သွားမကြည့်ဖြစ်ဘူးလား"

မြို့သွားဖို့ စိတ်ကူးထဲမှာပင်မရှိသော ချန်းယောလ်က ခေါင်းသာယမ်းပြလိုက်သည်။

"ကျွန်တော်လည်း အလုပ်များနေတာနဲ့...."

"တစ်ခုခုလိုအပ်ရင် ယူဂျောင်းကို လှမ်းပြောလို့ရတယ်လေ
သူက အမြဲ မြို့မှာရှိနေတာပဲ"

"ဟုတ်ကဲ့ ပြန်လိုက်ပါဦးမယ်"

အုပ်ချုပ်ရေးမှူးကို နှုတ်ဆက်ပြီးတာနဲ့ ကလေးလေးကိုခေါ်ကာ ပြန်လာခဲ့သည်။ ယူဂျောင်းအကြောင်းထည့်ပြောလို့ စိတ်ကောက်သွားပုံရတဲ့ ကလေးလေးက ချန်းယောလ်ကို စကားမပြောဘဲ သူတစ်ယောက်တည်း ပွစိပွစိလုပ်လို့နေသည်။ ကားကို တဖြည်းဖြည်းမောင်းနေရင်း အရင်နဲ့မတူတဲ့ လမ်းနဲ့ ပတ်ဝန်းကျင် ရှုခင်းကြောင့် ကောင်လေးက ခေါင်းလေးလည်နေအောင် ငေးလို့နေသည်။

"ကိုကို ဘယ်ကိုသွားနေတာလဲဟင်"

"အိမ်ပြန်ဖို့ စောနေသေးတော့ ကလေးလေးမရောက်ဖူးတဲ့ခြံဘက်ကို ခေါ်သွားပေးမလို့"

"ကိုကို့မှာ တခြားခြံရှိသေးတာလား"

"အင်း အခုသွားကြည့်မယ်လေ"

"အင်း ဟီး ဟီး
ကိုကိုက တအားကြီးချစ်ဖို့ကောင်းတာပဲ"

"ခုနက စိတ်ကောက်နေတာဘယ်သူလဲမသိဘူး"

"ဟင် စိတ်ကောက်တာ ဟုတ်လား
ဘယ်သူလဲ ဘယ်သူက စိတ်ကောက်နေတာလဲ"

သူ့ကိုပြောနေမှန်းသိလျက်နဲ့ အရူးကွက်နင်းနေတဲ့ဟာလေးကို အသည်းယားလွန်းလို့ ပါးဖောင်းဖောင်းလေးတွေကို ဆွဲညှစ်ပစ်လိုက်သည်။ *နာတယ်ကိုကိုရဲ့* လို့ပြောနေသော်လည်း သူကိုယ်တိုင် တခစ်ခစ်နဲ့ သဘောကျနေတာပါပဲ။

💓

စိမ်းရင့်ရင့်တောင်ကုန်းလေးတွေကြား ကားလေးကို ပတ်မောင်းပြီး ချန်းယောလ် သွားမည့် ခြံလေးသို့ရောက်သွားသည်။ အခိုင်အခံ့ကာထားသော ခြံစည်းရိုးလေးတွေက လိမ္မော်ရောင် ခပ်ဖျော့ဖျော့ သုတ်ထားတာဖြစ်သည်။ လိမ္မော်ခြံက ချန်းယောလ် သိပ်မရောက်ဖြစ်သည့်နေရာဖြစ်သည်။ ဒီဘက်မှာ ခြံတာဝန်ခံရှိနေတာရော လမ်းခရီးဝေးတာရောကြောင့်ပါ ချန်းယောလ်က သိပ်မလာဖြစ်။ ဒီနေ့မှ အိမ်ပြန်ဖို့စောနေတာရော လမ်းသင့်တာရော ကလေးလေးကိုလိုက်ပို့ချင်တာရော အကြောင်းအရာစုံကြောင့် ရောက်လာတာဖြစ်သည်။

Red String of FATEМесто, где живут истории. Откройте их для себя