မင်ချောကို ခြံကိစ္စမှာစရာရှိတာ မှာခဲ့ပြီး ကလေးလေးနဲ့အတူတူ အုပ်ချုပ်ရေးမှူး အိမ်သို့ထွက်ခဲ့သည်။ သွားနေသည့် လမ်းတစ်လျှောက်လုံး ကလေးလေးက ဂိုယူဂျောင်းကို မပြုံးပြဖို့၊ စကားမပြောဖို့ တတွတ်တွတ်ပြောလို့ ရစ်နေတော့သည်။

"ကိုကိုက ပြုံးပြလိုက်တာနဲ့ ကလေးလေးက ငိုမှာ
အဲ့ဒီအိမ်ကြီး ရေမြုပ်တဲ့ထိ ငိုပစ်မှာ"

"ဟုတ်ပါပြီကွာ ပြုံးမပြဘူးနော်
စကားတော့ လိုရင်ပြောရမှာပေါ့
ကလေးလေးက နားလည်ပေးနော် လိမ္မာရဲ့သားနဲ့"

"နည်းနည်းပဲပြော"

သူ့ရဲ့ အရစ်တုံးလေးနဲ့ ညှိလို့အပြီးမှာ အုပ်ချုပ်ရေးမှူး အိမ်သို့ရောက်လာသည်။
ကလေးလေး စိတ်ပူနေသလို ယူဂျောင်းက အိမ်မှာရှိမနေပါ။ ဦးလေးဂိုနဲ့သာတွေ့သည်။

"မင်းသားလေး အိမ်ကိုအလည်လိုက်လာတာလား"

"မင်းသားလေး မဟုတ်ပါဘူး
ကိုကို့ကလေး အသည်းအသက်လေး"

မျက်နှာလေး မော်ပြီးပြောနေတဲ့ မင်းသားလေးကို အုပ်ချုပ်ရေးမှူး ဂိုက တအံ့တဩ ကြည့်လို့နေသည်။ ချန်းယောလ်က အားနာနာနဲ့ ပြုံးပြလိုက်ပြီး ကလေးလေးကို အဲ့ဒီလိုမပြောဖို့တားရသေးသည်။

"ခြံဝယ်မဲ့သူက လိုက်ကြည့်ဦးမှာလား အုပ်ချုပ်ရေးမှူး"

"အင်း လိုက်ကြည့်မယ်တဲ့
ခုနလေးကပဲ ပင်ပန်းလို့နားချင်တယ်ဆိုပြီး ပြန်သွားတာ
မနက်ဖြန် ခြံကိုကြည့်ဖို့ ဦးလေးခေါ်လာခဲ့မယ်
ချန်းယောလ်က လိုတာလေးတွေ ပြင်ဆင်ပေးထားနော်"

"အခုတောင် ယူလာသေးတယ်
မြေနဲ့ပတ်သက်တဲ့အချက်အလက် တစ်ချို့ ကြိုပြင်လာတယ်"

"အဆင်ပြေသားပဲ
ထားခဲ့လိုက်လေ မနက်ဖြန် ဧည့်သည်ကိုခေါ်ပြီးလာခဲ့မယ်"

"ဟုတ်ကဲ့ ဒါဆို ပြန်လိုက်ပါဦးမယ်"

"ခဏလေးနေပါဦး
ကလေးကို ဘာမှတောင် မကျွေးရသေးဘူး"

ချန်းယောလ်ဘေးမှာ ငြိမ်ငြိမ်လေးထိုင်နေတဲ့ ကလေးလေးကို ကြည့်ပြီး ဦးလေးဂိုကပြောသည်။

Red String of FATEWhere stories live. Discover now